Xiaomi ရဲ့ Budget Series ဖုန်းတွေဖြစ်တဲ့ Redmi A Series ဖုန်းတွေဟာ မကြာခင်မှာ အသစ်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အဆိုပါ ဖုန်းတွေကို Redmi A2 Series လို့ နာမည်ပေးထားပြီး လာမယ့် မေလ ၁၉ ရက်နေ့မှာ အိန္ဒိယနိုင်ငံစျေးကွက်မှာ တရားဝင်မိတ်ဆက်သွားမှာပါ။

Redmi A2 နဲ့ Redmi A2+ ဖုန်းတွေဟာ အတော်များများဆင်တူမှာဖြစ်ပြီး 6.52″ HD+ LCD Display အပြင် MediaTek Helio G36 Chipset ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ Camera ပိုင်းမှာလည်း 8MP Primary + Depth Sensor ပါဝင်တဲ့ Dual Camera Setup အပြင် 5MP Selfie Camera ပါဝင်မှာဖြစ်ပါတယ်။

Battery ပိုင်းမှာ 5000mAh Battery ကိုမှ 10W Charging ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Software ပိုင်းမှာ Android 13 Go Edition ကို အသုံးပြုထားပါတယ်။ Redmi A2+ ဖုန်းမှာပဲ ဖုန်းရဲ့ နောက်ကျောဘက်မှာ Fingerprint Sensor ပါဝင်မှာဖြစ်ပြီး Redmi A2 မှာတော့ Fingerprint Sensor ပါဝင်မှာမဟုတ်ပါဘူး။

Redmi A2 Series ဖုန်းတွေဟာ ထူးခြားချက်အနေနဲ့ နောက်ကျောဘက်ဒီဇိုင်းကို Leather ပုံစံ ပြုလုပ်ထားမှာဖြစ်ပါတယ်။ အရောင်အနေနဲ့ Light Blue ၊ Light Green နဲ့ Black ဆိုပြီး ၃ မျိုးထွက်ရှိလာမှာဖြစ်ပါတယ်။ စျေးနှုန်းကိုတော့ အတိအကျမသိရသေးပေမယ့် Budget ဖုန်းဖြစ်နေတဲ့အတွက် ဒေါ်လာ ၁၀၀ နဲ့ ဒေါ်လာ ၂၀၀ ကြာား ကျသင့်မယ်လို့ ခန့်မှန်းရပါတယ်။

Ref – Gizmo China