[Zawgyi]
အခုဆိုရင် Redmi ဟာ သူတို့ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းတွေ ဖြစ်လာမယ့် K20 နဲ့ K20 Pro တို့ကို မနက်ဖြန်မှာ အောင်အောင်မြင်မြင် မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် Redmi ရဲ့ အထွေထွေ မန်နေဂျာဖြစ်သူ Lu Weibing ကတော့ သူတို့ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းတွေကို လူစိတ်ဝင်စားမှု မြင့်တက်လာအောင် Redmi K20 စီးရီးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို တစ်စပြီး တစ်စ ဆွဲထုတ်ပြနေပါတယ်။
Ref : Gadgets.ndtv
[Unicode]
Dual-band GPS စနစ် ပါဝင်မယ့် Redmi K20 စီးရီးရဲ့ အရောင်းမြှင့်တင်ရေး ပိုစတာ ထွက်ပေါ်
အခုဆိုရင် Redmi ဟာ သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းတွေ ဖြစ်လာမယ့် K20 နဲ့ K20 Pro တို့ကို မနက်ဖြန်မှာ အောင်အောင်မြင်မြင် မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် Redmi ရဲ့ အထွေထွေ မန်နေဂျာြဖစ်သူ Lu Weibing ကတော့ သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းတွေကို လူစိတ်ဝင်စားမှု မြင့်တက်လာအောင် Redmi K20 စီးရီးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို တစ်စပြီး တစ်စ ဆွဲထုတ်ပြနေပါတယ်။
Lu Weibing ဟာ Redmi Flagship စမတ်ဖုန်းမှာ Dual-band GPS ပါဝင်လာမှာ ဖြစ်ကြောင်း Weibo မှာ ထုတ်ဖော်ပြောကြားထားပါတယ်။ Dual-band GPS ဆိုတာ တည်နေရာကို ရှာဖွေတဲ့အခါမှာ သာမန် Single-band GPS တွေထက် ပိုမိုမြန်ဆန်ပြီး တိကျမှန်ကန်တဲ့ စနစ်ဖြစ်ပါတယ်။ ပိုမိုမြန်ဆန်ပြီး တိကျမှန်ကန်စေတဲ့ အဓိက အကြောင်းအရာကတော့ Single-band GPS တွေက L1 Satellite Signal ကိုသာ ဖမ်းယူနိုင်ချိန်မှာ Dual-band GPS တွေက L1 နဲ့ L5 Satellite Signals တွေကို တပြိုင်တည်း ဖမ်းယူနိုင်လို့ ဖြစ်ပါတယ်။ အဆိုပါ Dual-band GPS စနစ်ဟာ Redmi K20 မှာ ပါဝင်နိုင်သလားဆိုတာကို အတိအကျ ပြောလို့မရသေးပေမယ့် Redmi K20 Pro မှာတော့ သေချာပေါက် ပါဝင်မှာပါ။
တစ်ဖက်မှာလည်း Redmi K20 ရဲ့ အရောင်းမြှင့်တင်ရေး ပိုစတာနဲ့ Redmi K20 Pro ရဲ့ Screen Protector မခွာရသေးတဲ့ ဓာတ်ပုံတွေ ပေါ်ထွက်လာပါတယ်။ ပိုစတာမှာ အရင်မျိူးဆက်တွေနဲ့ လုံးဝကွဲထွက်သွားတဲ့ Redmi K20 ရဲ့ ဒီဇိုင်းကို မြင်တွေ့ရပြီး Triple Camera Setup , Pop-up Camera နဲ့ In-display Fingerprint Sensor တွေ ပါဝင်တာ တွေ့ရပါတယ်။ Pro မော်ဒယ်မှာတော့ Snapdragon 855, 48MP Main Camera, 6.39” AMOLED နဲ့ Battery 4000mAh ပါဝင်ကြောင်း ဖော်ပြထားပါတယ်။
Ref : Gadgets.ndtv