[Zawgyi]

Xiaomi ရဲ႕ ကုမၸဏီခြဲ Redmi က တရုတ္မွာ Redmi K20 Series ေတြကို ေမလက ေၾကညာခဲ့ပါတယ္။ အဲဒီ ဖုန္းေတြမွာ စြမ္းရည္ျမင့္ Specifications ေတြ တပ္ဆင္ထားေပမယ့္ ေစ်းခ်ိဳသာတာက အရမ္းမိုက္ပါတယ္။ အခုေတာ့ Xiaomi က အဲဒီ ဖုန္းေတြအတြက္ Gamepad တစ္ခုကို တရုတ္မွာ ေၾကညာလိုက္ပါတယ္။ Gamer ေတြ သေဘာက်ၾကမွာ ေသခ်ာပါတယ္။

Redmi K20 Gamepad ဟာ ပထမမ်ိဳးဆက္ Black Shark Gaming Smartphone ရဲ႕ Gamepad နဲ႔ အရမ္းကို ဆင္တူပါတယ္။ Gamepad ရဲ႕ ပုံမွန္ေစ်းကို ယြမ္ ၁၇၉ သတ္မွတ္ထားၿပီး ျမန္မာေငြ ၃၉,၀၀၀ ေလာက္ က်သင့္ႏိုင္ပါတယ္။ ဒါေပမယ့္ Redmi K20 နဲ႔ K20 Pro ပိုင္ရွင္ေတြက ယြမ္ ၉၉ ( ျမန္မာေငြ ၂ေသာင္း ဝန္းက်င္) နဲ႔ ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။

Redmi K20 Gamepad ဟာ အရြယ္အစား က်စ္လစ္ၿပီး Redmi K20 နဲ႔ Redmi K20 Pro Smartphone ေတြရဲ႕ ဘယ္ဘက္မွာ တပ္ဆင္ရမွာပါ။ Gamepad မွာ Bluetooth 4.2 ဆက္သြယ္မႈနဲ႔ 340mAh Battery ပါပါတယ္။ LT နဲ႔ LB Buttons ၊ Stick ၁ ခု၊ Configure လုပ္ႏိုင္တဲ့ Gameplay Buttons ၊ Bluetooth Connection Indicator ေတြ ပါပါတယ္။

တျခား ႏုိင္ငံေတြမွာ ေရာင္းခ်မယ့္ သတင္းကို ကုမၸဏီက မေျပာေသးပါဘူး။ Redmi K20 Series ေတြကို အိႏၵိယမွာ ေရာင္းခ်ေပးထားတဲ့အတြက္ Gamepad ကို အိႏၵိယမွာ ေရာင္းခ်ႏုိင္ပါတယ္။ Redmi K20 Series Phones ေတြမွာ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ၊ အေနာက္ကင္မရာ ၃ လံုးနဲ႔ အရြယ္ႀကီး 4000mAh Battery ေတြ ထည့္သြင္းထားပါတယ္။

Ref : gadgets.ndtv

[Unicode]

Redmi K20 နဲ့ Redmi K20 Pro အတွက် Gamepad ကို ကြေညာ

Xiaomi ရဲ့ ဘရန်းခွဲ Redmi က တရုတ်မှာ Redmi K20 Series တွေကို မေလက ကြေညာခဲ့ပါတယ်။ ဇူလိုင်လမှာ အိန္ဒိယမှာ အဲဒီဖုန်းတွေကို ရောင်းချခဲ့ပါတယ်။ အဲဒီ ဖုန်းတွေမှာ စွမ်းရည်မြင့် Specifications တွေ တပ်ဆင်ထားပေမယ့် ဈေး ချိုသာတာက အရမ်းမိုက်ပါတယ်။ အခုတော့ Xiaomi က အဲဒီ ဖုန်းတွေအတွက် Gamepad တစ်ခုကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ Gamer တွေ သဘောကျကြမှာ သေချာပါတယ်။

Redmi K20 Gamepad ဟာ ပထမမျိုးဆက် Black Shark Gaming Smartphone ရဲ့ Gamepad နဲ့ အရမ်းကို ဆင်တူပါတယ်။ Redmi K20 Gamepad ကို ယွမ် ၁၇၉ သတ်မှတ်ထားပြီး မြန်မာငွေ ၃၉,၀၀၀ လောက် ကျသင့်နိုင်ပါတယ်။ တရုတ်မှာ စတင် ရောင်းချပေးလိုက်ပါပြီ။

Redmi K20 Gamepad ဟာ အရွယ်အစား ကျစ်လစ်ပြီး Redmi K20 နဲ့ Redmi K20 Pro Smartphone တွေရဲ့ ဘယ်ဘက်မှာ တပ်ဆင်ရမှာပါ။ Gamepad မှာ Bluetooth 4.2 ဆက်သွယ်မှုနဲ့ 340mAh Battery ပါပါတယ်။ LT နဲ့ LB Buttons ၊ Stick ၁ ခု၊ Configure လုပ်နိုင်တဲ့ Gameplay Buttons ၊ Bluetooth Connection Indicator တွေ ပါပါတယ်။

တခြား နိုင်ငံတွေမှာ ရောင်းချမယ့် သတင်းကို ကုမ္ပဏီက မပြောသေးပါဘူး။ Redmi K20 Series တွေကို အိန္ဒိယမှာ ရောင်းချပေးထားတဲ့အတွက် Gamepad ကို အိန္ဒိယမှာ ရောင်းချနိုင်ပါတယ်။ Redmi K20 Series Phones တွေမှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ၊ အနောက်ကင်မရာ ၃ လုံးနဲ့ အရွယ်ကြီး 4000mAh Battery တွေ ထည့်သွင်းထားပါတယ်။

Ref : gadgets.ndtv