[Unicode]

Xiaomi က 5G Modem ပါတဲ့ Snapdragon 765G Chipset , 8GB RAM နဲ့ 256GB Storage ပါတဲ့ Redmi K30 5G ကို ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပါတယ်။ အခုတော့ တရုတ် ဆက်သွယ်ရေး ကော်မရှင် (TENAA) မှာ 12GB RAM နဲ့ 512GB Storage ပါတဲ့ Redmi K30 5G ကို မှတ်ပုံတင်လိုက်ပါတယ်။ အဲဒီအတွက် မကြာခင် တရုတ်မှာ ကြေညာနိုင်ပါတယ်။

Redmi K30 5G မှာ ၆.၆၇ လက်မ LCD မျက်နှာပြင် ထည့်သွင်းထားပြီး Full HD+ Resolution ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာ ၂ လုံးကို Punch Hole Design ထည့်သွင်းထားပြီး ပင်မ ကင်မရာက 20MP နဲ့ အပို ကင်မရာက 2MP Depth Sensor ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး ပင်မ ကင်မရာက 64MP IMX686 Sensor ဖြစ်ပါတယ်။ Sony ရဲ့ နောက်ဆုံးထုတ် ကင်မရာ ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။

ပင်မ ကင်မရာကို 8MP Ultrawide , 2MP Depth နဲ့ 5MP Macro Sensor တွေနဲ့ အားဖြည့်ထားပါတယ်။ Android 10 အခြေပြု MIUI 11 မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ 30W Fast Charging ပါတဲ့ 4,400mAh ဘက်ထရီ ထည့်သွင်းထားပြီး ၁ နာရီအတွင်းမှာ ၉၇ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ Liquid Cooling ပါတဲ့အတွက် ဂိမ်းအကြာကြီး ကစားရင် အပူချိန် မလွန်ကဲအောင် ပြုလုပ်ပေးနိုင်ပါတယ်။

လက်ရှိမှာ 8/256GB ပါတဲ့ Redmi K30 5G ကို တရုတ်မှာ ယွမ် ၂,၈၉၉ နဲ့ ရောင်းချပေးထားပြီး မြန်မာငွေ ၆၂၀,၀၀၀ လောက်ရှိပါတယ်။ 12/512GB မော်ဒယ်ကို ယွမ် ၃,၁၉၉ လောက်နဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၆၉၀,၀၀၀ လောက်ကျသင့်နိုင်ပါတယ်။

Ref: gsmarena

[Zawgyi]

12GB RAM နဲ႔ 512GB Storage ပါတဲ့ Redmi K30 5G ကို မွတ္ပံုတင္

Xiaomi က 5G Modem ပါတဲ့ Snapdragon 765G Chipset , 8GB RAM နဲ႔ 256GB Storage ပါတဲ့ Redmi K30 5G ကို ၿပီးခဲ့တဲ့ ၁ ပတ္က ေၾကညာခဲ့ပါတယ္။ အခုေတာ့ တရုတ္ ဆက္သြယ္ေရး ေကာ္မရွင္ (TENAA) မွာ 12GB RAM နဲ႔ 512GB Storage ပါတဲ့ Redmi K30 5G ကို မွတ္ပံုတင္လိုက္ပါတယ္။ အဲဒီအတြက္ မၾကာခင္ တရုတ္မွာ ေၾကညာႏုိင္ပါတယ္။

Redmi K30 5G မွာ ၆.၆၇ လက္မ LCD မ်က္ႏွာျပင္ ထည့္သြင္းထားၿပီး Full HD+ Resolution ျဖစ္ပါတယ္။ ဆဲလ္ဖီး ကင္မရာ ၂ လံုးကို Punch Hole Design ထည့္သြင္းထားၿပီး ပင္မ ကင္မရာက 20MP နဲ႔ အပို ကင္မရာက 2MP Depth Sensor ျဖစ္ပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၄ လံုး တပ္ဆင္ထားၿပီး ပင္မ ကင္မရာက 64MP IMX686 Sensor ျဖစ္ပါတယ္။ Sony ရဲ႕ ေနာက္ဆံုးထုတ္ ကင္မရာ ပါတဲ့ ပထမဆံုး စမတ္ဖုန္း ျဖစ္လာပါတယ္။

ပင္မ ကင္မရာကို 8MP Ultrawide , 2MP Depth နဲ႔ 5MP Macro Sensor ေတြနဲ႔ အားျဖည့္ထားပါတယ္။ Android 10 အေျချပဳ MIUI 11 ေမာင္းႏွင္ထားၿပီး ေဘးဘက္လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ 30W Fast Charging ပါတဲ့ 4,400mAh ဘက္ထရီ ထည့္သြင္းထားၿပီး ၁ နာရီအတြင္းမွာ ၉၇ ရာခိုင္ႏႈန္း အားသြင္းေပးႏိုင္ပါတယ္။ Liquid Cooling ပါတဲ့အတြက္ ဂိမ္းအၾကာႀကီး ကစားရင္ အပူခ်ိန္ မလြန္ကဲေအာင္ ျပဳလုပ္ေပးႏုိင္ပါတယ္။

လက္ရွိမွာ 8/256GB ပါတဲ့ Redmi K30 5G ကို တရုတ္မွာ ယြမ္ ၂,၈၉၉ နဲ႔ ေရာင္းခ်ေပးထားၿပီး ျမန္မာေငြ ၆၂၀,၀၀၀ ေလာက္ရွိပါတယ္။ 12/512GB ေမာ္ဒယ္ကို ယြမ္ ၃,၁၉၉ ေလာက္နဲ႔ ေရာင္းႏိုင္ၿပီး ျမန္မာေငြ ၆၉၀,၀၀၀ ေလာက္က်သင့္ႏုိင္ပါတယ္။

Ref: gsmarena