Qualcomm ဟာ လာမယ့် အောက်တိုဘာလကုန်ပိုင်းမှာ Snapdragon 8 Gen 3 Flagship Chipset ကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ယခုနှစ်ကုန်ပိုင်းမှာ အဆိုပါ Snapdragon 8 Gen 3 Chipset ကို အသုံးပြုထားမယ့် Xiaomi 14 Series ဖုန်းတွေကို မြင်ရတော့မယ်ဆိုပြီး ခန့်မှန်းနေကြတာဖြစ်ပါတယ်။


ဒါပေမယ့် အခုထပ်မံထွက်ရှိလာတဲ့သတင်းတွေအရ Xiaomi ကနေ Xiaomi 14 Series ဖုန်းတွေမှာပဲ Snapdragon 8 Gen 3 Chipset ကို အသုံးပြုမှာမဟုတ်တဲ့ပုံစံပါပဲ။ ဘာကြောင့်လဲဆိုရင် စျေးပိုမိုသက်သာတဲ့ Redmi K70 Series ဖုန်းတွေမှာပါ Snapdragon 8 Gen 3 Chipset ကို အသုံးပြုလာမယ်ဆိုပြီး သတင်းထွက်ရှိလာတာကြောင့်ဖြစ်ပါတယ်။

အဆိုပါသတင်းကို တရုတ်နိုင်ငံတွင်း နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Ice Universe ကနေ ပြောကြားခဲ့တာဖြစ်တာကြောင့် ဖြစ်နိုင်ခြေများပြားနေပါတယ်။ Xiaomi ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀၂၂ ခုနှစ်တုန်းက Redmi K60 Series ကို မိတ်ဆက်ခဲ့တာကြောင့် K70 Series ကိုလည်း ယခုနှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၄ နှစ်စပိုင်းမှာ မိတ်ဆက်သွားမယ်လို့ ခန့်မှန်းရပါတယ်။​

တစ်ခုရှိတာက Redmi K70 Series အကုန်လုံး Snapdragon 8 Gen 3 Chipset ကို အသုံးပြုလာမှာမဟုတ်ဘဲ ထုံးစံအတိုင်း K70 နဲ့ K70 Pro လိုမျိုး အမြင့်ပိုင်းဖုန်းတွေပဲ အသုံးပြုလာမှာဖြစ်ပါတယ်။​ ဘာပဲဖြစ်ဖြစ် Xiaomi 14 Series ထက် စျေးသက်သာမှာဖြစ်တာကြောင့် Price to Performance အကောင်းဆုံးဖုန်းတွေ ဖြစ်လာဦးမှာပါ။

Ref – Gizmo China