Xiaomi ဟာ ပြီးခဲ့တဲ့ တစ်ပတ်က စွမ်းရည်မြင့် Xiaomi 14 နဲ့ 14 Pro ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ Xiaomi ရဲ့ Sub-brand Redmi ကလည်း တရုတ်မှာ Redmi K70 Series ကို မကြာခင် ကြေညာတော့မှာပါ။ Redmi K70 Series ကို နိုဝင်ဘာလမှာ မိတ်ဆက်မယ်လို့ သတင်းထွက်လာပါတယ်။

Redmi ရဲ့ အထွေထွေ မန်နေဂျာ Lu Weibing က တရုတ်လူမှုကွန်ရက် ဝီဘိုမှာ Redmi K70 Series ကို နိုဝင်ဘာလမှာ ကြေညာမယ်လို့ အရိပ်အမြွက် သတင်းပေးထားပါတယ်။ သူက တခြား ပို့စ်တစ်ခုမှာ Snapdragon 8 Gen 3 ပါတဲ့ စွမ်းရည်မြင့် စမတ်ဖုန်းကို လိုချင်သူတွေဟာ Redmi K70 Pro ကို စောင့်သင့်တယ်လို့ ရေးသားထားပါတယ်။

သူက K70 Pro ရဲ့ စွမ်းရည်ဟာ ပြိုင်ဖက်တွေထက် သာလွန်မယ်လို့ ပြောပါတယ်။ K70 Pro ဟာ ဒီဇိုင်း လှပပြီး Price-to-performance အပိုင်းမှာ အလွန်ကောင်းမွန်မယ်လို့ သူက ပြောပါတယ်။ K70 Pro မှာ Snapdragon 8 Gen 3 ပါမယ်လို့ Weibing က အတည်ပြုထားပါတယ်။

Redmi ရဲ့ အရောင်းမြှင့်တင်ရေး အထွေထွေ မန်နေဂျာ Wang Teng Thomas က ဝီဘိုမှာ Redmi K70 Series ရဲ့ သတင်းအချက်အလက်တွေကို မျှဝေထားပါတယ်။ သူ့ရဲ့ ပို့စ်မှာ Redmi K70 မှာ 1.5K Resolution မျက်နှာပြင် တပ်ဆင်ထားမယ်လို့ ရေသားထားပါတယ်။ Redmi K70 Pro မှာတော့ 2K Resolution မျက်နှာပြင် ပါလာမှာပါ။

MyDrivers က Redmi K70 Series ကို နိုဝင်ဘာလမှာ ရောင်းချဖို့ အလုံအလောက် ထုတ်လုပ်ထားတယ်လို့ သတင်းပေးထားပါတယ်။ Redmi K70 Series မှာ Xiaomi 14 Series မှာလို Android 14 အခြေပြု HyperOS ထည့်သွင်းထားနိုင်ပါတယ်။

Ref : gizmochina