Redmi ဟာ တရုတ်အတွက် စွမ်းရည်မြင့် Redmi K70 Ultra ကို ကြေညာဖို့ပြင်ဆင်နေပါတယ်။ အခုတော့ Digital Chat Station က K70 Ultra ရဲ့ သတင်းအချက်အလက် တချို့ကို မျှဝေလိုက်ပါတယ်။

Digital Chat Station က အမည်မပြောဘဲ နောက်ထွက်မယ့် ဖုန်း ၁ လုံးအကြောင်းကို ဝီဘိုမှာ ပို့စ်တင်ထားတာ ဖြစ်ပါတယ်။ ကွန်းမန့်က တရုတ် မီဒီယာနဲ့ လူတွေဆွေးနွေးကြတဲ့ စကားတွေအရ အဲဒီ ဖုန်းဟာ Redmi K70 Ultra ဖြစ်နိုင်ပါတယ်။

Digital Chat Station က အဲဒီဖုန်းမှာ 8T LTPO OLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး ဘေးဘောင်တွေက အလွန်ပါးလွှာမယ်လို့ ပြောပါတယ်။ 1.5K Resolution ဖြစ်ပြီး 5,000 Nits Peak Brightness ထောက်ပံ့ထားမှာပါ။ Dimensity 9300 Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

Redmi K70 Ultra: Leaker reveals initial details about probable Xiaomi 14T Pro - NotebookCheck.net News

Digital Chat Station က အဲဒီဖုန်းမှာ 24GB LPDDR5T RAM ပါလာမှာ ဖြစ်ပြီး နောက်ဆုံးထုတ် RAM နည်းပညာ ဖြစ်ပါတယ်။ လက်ရှိမှာ LPDDR5T ပါတဲ့ ဖုန်းတွေက vivo X100 နဲ့ X100 Pro ပဲရှိပေမယ့် အဲဒီဖုန်းတွေမှာ အမြင့်ဆုံး 16GB RAM ပဲပါလာပါတယ်။ Digital Chat Staion က Redmi K70 Ultra ဟာ 24GB LPDDR5T RAM ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာမယ်လို့ ပြောပါတယ်။

K70 Ultra မှာ 1TB UFS 4.0 Storage ထည့်သွင်းထားမှာ ဖြစ်ပြီး K60 Ultra မှာလို IP68 ရေစိုခံစံနှုန်း ပါလာမှာ ဖြစ်ပါတယ်။ ကိုယ်ထည်ကို အလူမီနီယမ်နဲ့ တည်ဆောက်ထားမှာပါ။

Ref : gizmochina