Redmi က တရုတ်မှာ K70E ကို ကြေညာလိုက်ပြီး Dimensity 8300 Ultra Chipset ထည့်သွင်းထားပါတယ်။ Chipset ကို 5,000mm2 Stainless Steel Vapor Chamber နဲ့ အအေးပေးထားပါတယ်။ LPDDR5X RAM နဲ့ UFS 4.0 Storage ထည့်ထားပါတယ်။

Dimensity 8300 Ultra with a 5,000mm² vapor chamber

6.67” 1220x2712p မျက်နှာပြင် တပ်ဆင်ထားပြီး Dolby Vision နဲ့ HDR10+ Support ပါလာပြီး 120Hz Refresh Rate နဲ့ 480Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ 1,920Hz PWM Dimming နဲ့ 1,800 Nits Peak Brightness ပါပါတယ်။

6.67” 1.5K display with 12-bit colors, 120Hz refresh rate

ကင်မရာအကြောင်းပြောရရင် 64MP Main (OIS) , 8MP 120 Degree Ultra Wide နဲ့ Macro တွေကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး Main ကင်မရာက 4K  30fps နဲ့ `1080p 60fps Video ရိုက်ကူးပေးနိုင်ပါတယ်။ အရှေ့ဘက်မှာ 16MP ကင်မရာ တပ်ဆင်ထားပါတယ်။

The 5,500mAh battery can be fully recharged in 34 minutes

90W Fast Charging ထောက်ပံ့တဲ့ 5,500mAh Battery ပါလာပြီး ၃၄ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ အရောင် ၃ ရောင်ထုတ်လုပ်ပေးထားပါတယ်။ 12GB/256GB ကို ၂,၀၀၀ ယွမ်၊ 12GB/512GB ကို ၂,၂၀၀ ယွမ်နဲ့ 16GB/1TB ကို ၂,၆၀၀ ယွမ် သတ်မှတ်ထားပါတယ်။

Redmi K70E cameras: 64MP main, 8MP ultra wide and a macro cam

Redmi K70E ကို နိုင်ငံတကာမှာ Poco X6 Pro အမည်နဲ့ ရောင်းချနိုင်ပြီး Xiaomi က အဲဒါကို အတည်မပြုသေးပါဘူး။

Redmi K70E color options

Ref : gsmarena