Redmi K80 Pro ကတော့ Qualcomm ရဲ့ အမိုက်ဆုံးဆိုတဲ့ Chip နဲ့ ထွက်လာပါပြီ။ CNY 3,700 ($510) က စတဲ့အတွက် အဲဒီ Chip ပါတဲ့ ဈေးအချိုဆုံးဖုန်းတွေထဲက တစ်လုံး ဖြစ်လာပါတယ်။ အဲဒီ ဈေးဟာ 12/256GB မော်ဒယ်အတွက် ဖြစ်ပြီး 12/512GB, 16/512GB နဲ့ 16GB/1TB တွေကိုလည်း ထုတ်လုပ်ထားပါတယ်။ Lamborghini အထူးထုတ် မော်ဒယ်လည်း ပါလာပါတယ်။

Snapdragon 8 Elite ဟာ စွမ်းရည်မြင့်ပေမယ့် ပူတဲ့အတွက် Xiaomi က အပူချိန်ကို ၃ ဒီဂရီ ဆဲလ်ဆီးယပ် အထိ လျှော့ချပေးနိုင်တဲ့ 3D Dual-loop Vapor Chamber ထည့်သွင်းထားပါတယ်။

Redmi K80 Pro arrives with SD 8 Elite, 6,000mAh battery and an IP68 rating

6,000mAh Battery က K70 Pro ရဲ့ 5,000mAh ထက် ၂၀ ရာခိုင်နှုန်းပိုများလာပါတယ်။ 120W Wired Charging က ၂၈ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်ပြီး 50W Wireless Charging ပါပါတယ်။ IP68 ရေစိုခံစံနှုန်း ထောက်ပံ့ထားတာက K70 Pro ထက် အားသာချက် ဖြစ်ပါတယ်။

Display က 6.67” 120Hz OLED သုံးထားပြီး QHD+ Resolution , HDR10+, Dolby Vision , HDR Vivid Support ပါပါတယ်။ Peak Brightness က 3,200 Nits ဖြစ်ပြီး Display ကို Xiaomi ရဲ့ Dragon Crystal 2.0 Glass နဲ့ ကာကွယ်ထားပါတယ်။ Display အောက်မှာ Ultrasonic Fingerprint Reader နဲ့ 20MP ဆဲလ်ဖီး ကင်မရာ ထည့်ထားပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ထားပြီး Main က 50MP OmniVision OVX8000 Sensor (OIS) ဖြစ်ပါတယ်။ 8K 24fps , 4K, 1080p 60fps Video ရိုက်နိုင်ပါတယ်။ နောက်ကင်မရာတွေက 32MP Ultrawide နဲ့ 50MP Telephoto (2.5x Zoom) တို့ ဖြစ်ပါတယ်။

Redmi K80 Pro colorways

အထူးထုတ် Automobili Lamborghini Squadra Corse အတွက် အရောင် ၂ မျိုး ထုတ်ထားပြီး အရောင် ၂ မျိုးနဲ့ လာပါတယ်။ 16GB/1TB ထည့်ထားပြီး CNY 5,000 ($690) နဲ့ ရောင်းမှာပါ။

ပုံမှန် မော်ဒယ်တွေရဲ့ ဈေးနှုန်းတွေက 12/256GB ကို CNY 3,700, 12/512GB ကို CNY 4,000,  16/512GB  ကို CNY 4,300 နဲ့ 16GB/1TB ကို CNY 4,800 သတ်မှတ်ထားပါတယ်။ တရုတ်မှာ ရောင်းပေးလိုက်ပါပြီ။

Ref : gsmarena