Snapdragon 8 Gen 4 ပါတဲ့ ပထမဆုံး ဖုန်းဟာ Xiaomi 15 Series လို့ သတင်းထွက်နေပါတယ်။ Redmi ကလည်း Snapdragon 8 Gen 4 ပါတဲ့ ဖုန်းတွေကို ထုတ်လုပ်မှာ ဖြစ်ပြီး ဈေးနှုန်း ပိုချိုသာမယ်လို့ ပြောနေကြပါတယ်။ အဲဒီဖုန်းတွေဟာ Redmi K80 Series ဖြစ်ပါတယ်။

Redmi K80 Launch

အခုတော့ ဝီဘို Tipster Smart Pikachu က Redmi K80 Series ကို နိုဝင်ဘာလမှာ ကြေညာမယ်လို့ သတင်းပေးလာပါတယ်။

Qualcomm ဟာ အောက်တိုဘာလမှာ Snapdragon 8 Gen 4 ကို ရောင်းချနိုင်ပါတယ်။ အဲဒီလမှာပဲ Xiaomi က 15 Series ကို ကြေညာနိုင်ပါယ်။ အဲဒီအတွက် Redmi K80 Series ကို နိုဝင်ဘာလမှာ တွေ့မြင်နိုင်ပါတယ်။

Rumour: Redmi K80 series of smartphones will come with Snapdragon 8 Gen  3/Snapdragon 8 Gen 4 chips and a 5500mAh battery | Gagadget.com

ပေါက်ကြားသတင်းအရ Redmi K80 Pro မှာ Snapdragon 8 Gen 4 နဲ့ ရိုးရိုး မော်ဒယ်မှာ Snapdragon 8 Gen 3 ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ အဲဒီဖုန်း ၂ လုံးစလုံးမှာ Redmi K70 Series မှာလိုပဲ 2K Resolution Display တပ်ဆင်ထားနိုင်ပါတယ်။

ဒီနှစ်မှာ ထွက်ထားတဲ့ K70E ရဲ့မျိုးဆက် K80E တော့ မထွက်လာနိုင်ဘူးလို့ Smart Pikachu က ပြောပါတယ်။ အဲဒါဟာ Xiaomi က Redmi K Series ကို ပရီမီယမ် Device တွေအဖြစ် ဖန်တီးချင်လို့ ဖြစ်ပါတယ်။

Ref : gizmochina