[Zawgyi]

အခုဆိုရင္ Redmi ဟာ Note 7 Pro နဲ႔ Redmi 7 တို႔ကို လာမယ့္ မတ္လ ၁၈ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ အဆိုပါပြဲမွာ မိတ္ဆက္သြားမယ့္ ထုတ္ကုန္ေတြဟာ Note 7 Pro နဲ႔ Redmi 7 ၂မ်ိဴးတည္း မဟုတ္ဘဲ တျခားထုတ္ကုန္ေတြလည္း ပါဝင္လာမယ္လို႔ သိရပါတယ္။

မတ္လ ၁၈ရက္ေန႔မွာ က်င္းပသြားမယ့္ မိတ္ဆက္ပြဲနဲ႔ ပတ္သတ္ၿပီး Redmi ဟာ သူတို႔ရဲ႕ Weibo အေကာင့္မွာ Post တစ္ခုကို လႊင့္တင္လာပါတယ္။ အဆိုပါ Post မွာ “Who said Redmi is just a mobile phone?” ဆိုၿပီး ေရးသားထားတဲ့အတြက္ Redmi ဟာ စမတ္ဖုန္းထုတ္ကုန္ေတြအျပင္ တျခားေသာ အီလက္ထေရာနစ္ထုတ္ကုန္ေတြကိုပါ မိတ္ဆက္လာႏိုင္ဖြယ္ ရွိပါတယ္။

Post နဲ႔အတူ တြဲဖက္ပါဝင္လာတဲ့ ဓာတ္ပုံကေတာ့ Snapdragon 675, 48MP Camera, 4000mAh battery, Gorilla Glass 5 နဲ႔ P2i (Hydrophobic Nanocoating for Protection) ဆိုတဲ့ စာသားေတြကို အရိပ္အႁမြက္အေနနဲ႔ ေဖာ္ျပထားတဲ့အတြက္ Redmi Note 7 Pro ရဲ႕ Teaser ဓာတ္ပုံလို႔ ယူဆရပါတယ္။

တစ္ဖက္မွာလည္း Redmi ရဲ႕ General Manager ျဖစ္သူ Lu Weibing က ပါကင္မဖြင့္ရေသးတဲ့ Redmi 7 ေတြကို Redmi ဖုန္းနဲ႔ ဓာတ္ပုံ႐ိုက္ကူးၿပီး Weibo မွာ ျဖန္႔ေဝလာပါတယ္။ ဒါေပမယ့္ Redmi 7 နဲ႔ ပတ္သတ္တဲ့ တျခားအခ်က္အလက္ေတြကိုေတာ့ Lu Weibing ျဖည့္စြက္ေရးသားထားျခင္း မရွိပါဘူး။ ေကာလဟလသတင္းေတြအရဆိုရင္ေတာ့ Redmi 7 မွာ Snapdragon 632, 6.26” LCD Display နဲ႔ 4000mAh battery ေတြပါဝင္တယ္လို႔ သိရပါတယ္။

Ref : Gizmochina

[Unicode]

စမတ်ဖုန်းတွေအပြင် တခြားထုတ်ကုန်တွေကိုပါ မိတ်ဆက်လာနိုင်တဲ့ Redmi

အခုဆိုရင် Redmi ဟာ Note 7 Pro နဲ့ Redmi 7 တို့ကို လာမယ့် မတ်လ ၁၈ရက်နေ့မှာ တရုတ်နိုင်ငံမှာ မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ အဆိုပါပွဲမှာ မိတ်ဆက်သွားမယ့် ထုတ်ကုန်တွေဟာ Note 7 Pro နဲ့ Redmi 7 ၂မျိူးတည်း မဟုတ်ဘဲ တခြားထုတ်ကုန်တွေလည်း ပါဝင်လာမယ်လို့ သိရပါတယ်။

မတ်လ ၁၈ရက်နေ့မှာ ကျင်းပသွားမယ့် မိတ်ဆက်ပွဲနဲ့ ပတ်သတ်ပြီး Redmi ဟာ သူတို့ရဲ့ Weibo အကောင့်မှာ Post တစ်ခုကို လွှင့်တင်လာပါတယ်။ အဆိုပါ Post မှာ “Who said Redmi is just a mobile phone?” ဆိုပြီး ရေးသားထားတဲ့အတွက် Redmi ဟာ စမတ်ဖုန်းထုတ်ကုန်တွေအပြင် တခြားသော အီလက်ထရောနစ်ထုတ်ကုန်တွေကိုပါ မိတ်ဆက်လာနိုင်ဖွယ် ရှိပါတယ်။

Post နဲ့အတူ တွဲဖက်ပါဝင်လာတဲ့ ဓာတ်ပုံကတော့ Snapdragon 675, 48MP Camera, 4000mAh battery, Gorilla Glass 5 နဲ့ P2i (Hydrophobic Nanocoating for Protection) ဆိုတဲ့ စာသားတွေကို အရိပ်အမြွက်အနေနဲ့ ဖော်ပြထားတဲ့အတွက် Redmi Note 7 Pro ရဲ့ Teaser ဓာတ်ပုံလို့ ယူဆရပါတယ်။

တစ်ဖက်မှာလည်း Redmi ရဲ့ General Manager ဖြစ်သူ Lu Weibing က ပါကင်မဖွင့်ရသေးတဲ့ Redmi 7 တွေကို Redmi ဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးပြီး Weibo မှာ ဖြန့်ဝေလာပါတယ်။ ဒါပေမယ့် Redmi 7 နဲ့ ပတ်သတ်တဲ့ တခြားအချက်အလက်တွေကိုတော့ Lu Weibing ဖြည့်စွက်ရေးသားထားခြင်း မရှိပါဘူး။ ကောလဟလသတင်းတွေအရဆိုရင်တော့ Redmi 7 မှာ Snapdragon 632, 6.26” LCD Display နဲ့ 4000mAh battery တွေပါဝင်တယ်လို့ သိရပါတယ်။

Ref : Gizmochina