Xiaomi က စက်တင်ဘာလကုန်မှာ Redmi Note 13 Series ကို တရုတ်မှာ ကြေညာခဲ့ပြီး နိုင်ငံတကာအတွက် ဇန်နဝါရီလ ပထမ အပတ်မှာ မိတ်ဆက်ခဲ့ပါတယ်။ စတင်မိတ်ဆက်တာ ၄ လနီးပါးကြာတဲ့အချိန်မှာ ကုမ္ပဏီက Pro မော်ဒယ်ရဲ့ အထူးထုတ်  မော်ဒယ်ကို မိတ်ဆက်ဖို့ပြင်ဆင်နေပြီး တရုတ် နှစ်သစ်ကူးအတွက် ဖြစ်ပါတယ်။

Redmi Note 13 Pro 2024 New Year Edition

အခုတော့ အဲဒီဖုန်းရဲ့ ဓါတ်ပုံတွေဟာ တရားဝင် မကြေညာခင်မှာ ထွက်ပေါ်လာပြီး Redmi Note 13 Pro 2024 New Year Edition လို့ အမည်ပေးထားပါတယ်။ အနီတောက်တောက် အရောင်ကို သုံးထားပြီး အနက်ရောင်တွေလည်း ထည့်သွင်းထားပါတယ်။ အနောက်ဘက်ဟာ အနီရောင်နဲ့ ကင်မရာ Module ၊ ဖရိမ်တွေဟာ အနက်ရောင် ဖြစ်ပါတယ်။

ဖုန်းရဲ့ ဘူးခွံဟာ ရိုးရိုး ဘူးခွံနဲ့ယှဉ်ရင် ဒီဇိုင်းကွဲပြားပါတယ်။ ဘူးထဲမှာ ဘာတွေ ပါလာမလဲဆိုတာ မသိရသေးပါဘူး။ တရုတ်နှစ်ကူး Theme , Wallpaper , Ringtones နဲ့ တခြား Customization တွေ ပါလာနိုင်ပါတယ်။

Redmi Note 13 Pro ရဲ့ Specs တွေကို ပြန်လည်ဖော်ပြရရင်  Qualcomm Snapdragon 7s Gen 2 မောင်းနှင်ထားပြီး 8/12/16GB RAM နဲ့ 128/256/512GB Storage တွေ ထုတ်လုပ်ထားပါတယ်။

Redmi Note 13 Pro tipped to launch as POCO phone globally

6.67” 1220×2712 120Hz မျက်နှာပြင် တပ်ဆင်ထားပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါပါတယ်။ အနောက်ဘက်မှာ 200MP Main , 8MP Ultrawide, 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ တပ်ဆင်ထားပါတယ်။ 67W Charging ထောက်ပံ့တဲ့ 5,100mAh Battery ပါလာပြီး Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပါတယ်။

Midnight dark, Time Blue, Shallow dream နဲ့ Star Sand White အရောင်တွေ ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို တရုတ်မှာ ၁,၃၉၉ ယွမ် ( ၁၉၂ ဒေါ်လာ ဝန်းကျင်) သတ်မှတ်ထားပါတယ်။

Ref: gizmochina