[Zawgyi]

Xioami ကေန Brand ခြဲတစ္ခုအေနနဲ႔ ထြက္လာတဲ့ Redmi ဟာ Redmi Note 7 နဲ႔တင္ ေတာ္ေတာ္ၾကီး ေအာင္ျမင္သြားခဲ့တယ္လို႔ ေျပာရမွာပါ။ အခုလည္း Note 7 ထက္ကို ပုိစိတ္ဝင္စားမႈ အားေကာင္းေနတဲ့ Redmi Note 7 Pro ေလးကို အိႏိၵယႏုိင္ငံမွာ ဒီေန႔ပဲ မိတ္ဆက္သြားခဲ့ပါျပီ။

ဒီ Redmi Note 7 Pro ေလးကေတာ့ Redmi Note 7 နဲ႔ ေတာ္ေတ္ာမ်ားမ်ားတူျပီး အဓိကကြဲသြားတာက Chipset နဲ႔ ကင္မရာ Sensor အမ်ိဳးအစားေတြပါပဲ။

Redmi Note 7 တုန္းက Snapdragon 660 နဲ႔ ထြက္ခဲ့ေပမယ့္ အခု Redmi Note 7 Pro မွာေတာ့ Qualcomm ရဲ႕ Snapdragon 675 ကိုသံုးထားတဲ့အတြက္ ပိုျပီးေတာ့ သံုးလို႔ေကာင္းမွာ အေသအခ်ာပါပဲ။ သူနဲ႔အတူ RAM 4GB/6GB နဲ႔ Internal Storage ကေတာ့ Redmi Note Series ထဲမွာေတာ့ ပထမဆံုးလို႔ေျပာရမယ့္ 128GB Storage နဲ႔ထိပါ ရႏုိင္မွာ ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီ Note 7 Pro ကို အဓိက စိတ္ဝင္စားၾကတဲ့အပိုင္းက ကင္မရာေၾကာင့္ပါပဲ။ Note 7 တုန္းကလဲ 48MP Camera ဆိုေပမယ့္ အခု Note 7 Pro ရဲ႕ Sony IMX586 Sensor ကိုသံုးထားတဲ့ 48MP Camera ကိုပဲ ပိုစိတ္ဝင္စားၾကတာပါ။ သူလည္း Pixel 4 ခုကို တစ္ခုတည္းအျဖစ္ေပါင္းေပးတဲ့ Pixel Binning ကုိပဲသံုးထားျဖစ္ျပီးေတာ့ ေသခ်ာတာက Detail ပိုေကာင္းျပီး Low-Light ပံုေတြ Zoom ဆြဲတဲ့ပံုေတြမွာ ေတာ္ေတာ္ၾကီး ၾကမ္းလာႏုိင္ပါတယ္။

48MP Sony Lens+ 5MP Secondary Lens ရဲ႕ အစြမး္ျပထားတဲ့ပံုေတြကေတာ့ ပလူပ်ံေအာင္ ျမင္ၾကရဦးမွာပါ။ ဒီ Note 7 Pro မွာ 4K ဗီဒီယိုေတြကို 30fps နဲ႔ ရိုက္ႏုိင္လာျပီဆိုတာကေတာ့ ေတာ္ေတာ္မိုက္ေပမယ့္ Result ကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။ ေရွ႕ဘက္ Selfie ကင္မရာကေတာ့ 13MP AI Camera ကိုသံုးထားေပမယ့္ Selfie ဦးစားေပးဖုန္းမဟုတ္ဘူးဆိုေတာ့ ေက်ာဘက္ Main ကင္မရာကလြဲရင္ Selfie ကို အရမ္းၾကီးမေမွ်ာ္လင့္ထားတာေကာင္းပါတယ္။

Battery ကေတာ့ 4000mAh Battery ကို သံုးထားျပီးေတာ့ 18W ထိရႏုိင္တဲ့ Quick Charge 4 ကို ေထာက္ပံ့ေပးႏုိင္တာကေတာ့ ေတာ္ေတာ္သေဘာက်စရာပါ။ 10W Charger နဲ႔ လာျပီးေတာ့ Quick Charge 4 ရဲ႕ အႏွစ္အရသာကို အျပည့္အဝခံစားခ်င္ရင္ Third-Party Charger ေတြနဲ႔ သံုးလို႔ရႏုိင္ပါတယ္။

အေရာင္ေတြအေနနဲ႔ကေတာ့ Space Black, Nebula Red နဲ႔ Neptune Blue ဆိုျပီး ၃ေရာင္ရိွျပီးေတာ့ ေရာင္ေျပး Gradient အေရာင္ဒီဇုိင္းနဲ႔ Glass Body နဲ႔ လာမွာျဖစ္ပါတယ္။

ေစ်းႏႈနး္ေတြကေတာ့ 4GB/64GB ကို 13,999 ရူပီး ($196ဝန္းက်င္, ျမန္မာေငြ ၃သိန္းေက်ာ္)ရိွျပီး 6GB/128GB Version ကေတာ့ 16,999 ရူပီး ($238 ဝန္းက်င္, ျမန္မာေငြ ၃သိန္းခြဲေက်ာ္)ေလာက္ရိွမွာပါ။( ျမန္မာႏုိင္ငံကိုစဝင္မယ့္အခ်ိန္မွာေတာ့ ဒီတန္ဖိုးထက္ပိုမ်ားႏုိင္ပါတယ္)

Mi.com, Mi Home, Flipkart တို႔မွာေတာ့ မတ္လ ၁၃ရက္ေန႔မွာ စတင္ေရာင္းေတာ့မွာ ျဖစ္ျပီး ျမန္မာႏုိင္ငံကိုေတာ့ မတ္လကုန္ ဧျပီလပိုင္းေလာက္က်ရင္ ဝင္လာႏုိင္မယ္လို႔ မွန္းရပါတယ္။

[Unicode]

Xioami ကနေ Brand ခွဲတစ်ခုအနေနဲ့ ထွက်လာတဲ့ Redmi ဟာ Redmi Note 7 နဲ့တင် တော်တော်ကြီး အောင်မြင်သွားခဲ့တယ်လို့ ပြောရမှာပါ။ အခုလည်း Note 7 ထက်ကို ပိုစိတ်ဝင်စားမှု အားကောင်းနေတဲ့ Redmi Note 7 Pro လေးကို အိန္ဒိယနိုင်ငံမှာ ဒီနေ့ပဲ မိတ်ဆက်သွားခဲ့ပါပြီ။

ဒီ Redmi Note 7 Pro လေးကတော့ Redmi Note 7 နဲ့ တော်တေ်ာများများတူပြီး အဓိကကွဲသွားတာက Chipset နဲ့ ကင်မရာ Sensor အမျိုးအစားတွေပါပဲ။

Redmi Note 7 တုန်းက Snapdragon 660 နဲ့ ထွက်ခဲ့ပေမယ့် အခု Redmi Note 7 Pro မှာတော့ Qualcomm ရဲ့ Snapdragon 675 ကိုသုံးထားတဲ့အတွက် ပိုပြီးတော့ သုံးလို့ကောင်းမှာ အသေအချာပါပဲ။ သူနဲ့အတူ RAM 4GB/6GB နဲ့ Internal Storage ကတော့ Redmi Note Series ထဲမှာတော့ ပထမဆုံးလို့ပြောရမယ့် 128GB Storage နဲ့ထိပါ ရနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီ Note 7 Pro ကို အဓိက စိတ်ဝင်စားကြတဲ့အပိုင်းက ကင်မရာကြောင့်ပါပဲ။ Note 7 တုန်းကလဲ 48MP Camera ဆိုပေမယ့် အခု Note 7 Pro ရဲ့ Sony IMX586 Sensor ကိုသုံးထားတဲ့ 48MP Camera ကိုပဲ ပိုစိတ်ဝင်စားကြတာပါ။ သူလည်း Pixel 4 ခုကို တစ်ခုတည်းအဖြစ်ပေါင်းပေးတဲ့ Pixel Binning ကိုပဲသုံးထားဖြစ်ပြီးတော့ သေချာတာက Detail ပိုကောင်းပြီး Low-Light ပုံတွေ Zoom ဆွဲတဲ့ပုံတွေမှာ တော်တော်ကြီး ကြမ်းလာနိုင်ပါတယ်။

48MP Sony Lens+ 5MP Secondary Lens ရဲ့ အစွမ်းပြထားတဲ့ပုံတွေကတော့ ပလူပျံအောင် မြင်ကြရဦးမှာပါ။ ဒီ Note 7 Pro မှာ 4K ဗီဒီယိုတွေကို 30fps နဲ့ ရိုက်နိုင်လာပြီဆိုတာကတော့ တော်တော်မိုက်ပေမယ့် Result ကိုတော့ စောင့်ကြည့်ရဦးမှာပါ။ ရှေ့ဘက် Selfie ကင်မရာကတော့ 13MP AI Camera ကိုသုံးထားပေမယ့် Selfie ဦးစားပေးဖုန်းမဟုတ်ဘူးဆိုတော့ ကျောဘက် Main ကင်မရာကလွဲရင် Selfie ကို အရမ်းကြီးမမျှော်လင့်ထားတာကောင်းပါတယ်။

Battery ကတော့ 4000mAh Battery ကို သုံးထားပြီးတော့ 18W ထိရနိုင်တဲ့ Quick Charge 4 ကို ထောက်ပံ့ပေးနိုင်တာကတော့ တော်တော်သဘောကျစရာပါ။ 10W Charger နဲ့ လာပြီးတော့ Quick Charge 4 ရဲ့ အနှစ်အရသာကို အပြည့်အဝခံစားချင်ရင် Third-Party Charger တွေနဲ့ သုံးလို့ရနိုင်ပါတယ်။

အရောင်တွေအနေနဲ့ကတော့ Space Black, Nebula Red နဲ့ Neptune Blue ဆိုပြီး ၃ရောင်ရှိပြီးတော့ ရောင်ပြေး Gradient အရောင်ဒီဇိုင်းနဲ့ Glass Body နဲ့ လာမှာဖြစ်ပါတယ်။

ဈေးနှုန်းတွေကတော့ 4GB/64GB ကို 13,999 ရူပီး ($196ဝန်းကျင်, မြန်မာငွေ ၃သိန်းကျော်)ရှိပြီး 6GB/128GB Version ကတော့ 16,999 ရူပီး ($238 ဝန်းကျင်, မြန်မာငွေ ၃သိန်းခွဲကျော်)လောက်ရှိမှာပါ။( မြန်မာနိုင်ငံကိုစဝင်မယ့်အချိန်မှာတော့ ဒီတန်ဖိုးထက်ပိုများနိုင်ပါတယ်)

Mi.com, Mi Home, Flipkart တို့မှာတော့ မတ်လ ၁၃ရက်နေ့မှာ စတင်ရောင်းတော့မှာ ဖြစ်ပြီး မြန်မာနိုင်ငံကိုတော့ မတ်လကုန် ဧပြီလပိုင်းလောက်ကျရင် ဝင်လာနိုင်မယ်လို့ မှန်းရပါတယ်။