Xiaomi က တန်ဖိုးနည်း Redmi Pad Pro ကို ကြေညာလိုက်ပြီး 12.1” Display , Snapdragon 7s Gen 2 Chipset နဲ့ 10,000mAh Battery , 33W Charging ပါပါတယ်။

Redmi Pad Pro debuts with 12.1” IPS LCD and SD 7s Gen 2 - GSMArena.com news

Redmi Pad Pro မှာ 12.1 IPS LCD 2560x1600p Display ပါလာပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 16:10 Aspect Ratio နဲ့ 600 Nits Peak Brightness ပါလာပြီး Corning Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။ Redmi Pad Pro မှာ Dolby Atmos ထောက်ပံ့တဲ့ စပီကာ ၄ လုံး တပ်ဆင်ထားပြီး နားကြပ်ပေါက် ပါပါတယ်။

Redmi Pad Pro debuts with 12.1” IPS LCD and SD 7s Gen 2 - GSMArena.com news

Snapdragon 7s Gen 2 နဲ့အတူ 6/8GB RAM နဲ့ 128/256GB Storage ထည့်သွင်းထားပြီး အရှေ့ဘက်မှာ 8MP Ultrawide နဲ့ အနောက်ဘက်မှာ 8MP Wide ကင်မရာ တပ်ထားပါတယ်။

Android 14 အခြေပြု HyperOS မောင်းနှင်ထားပြီး HyperOS ဖုန်းနဲ့ Xiaomi PC အကြားမှာ Continuity Feature ကို ထောက်ပံ့ထားပါတယ်။ 33W Charging ထောက်ပံ့တဲ့ 10,000mAh Battery ပါလာပြီး Stylus နဲ့ Keyboard Case ကို သီးခြား ရောင်းမှာပါ။

Grey , Green နဲ့ Blue အရောင်တွေ ထုတ်လုပ်ထားပြီး 6/128GB Version ကို ၁,၄၉၉ ယွမ် (၂၀၇ ဒေါ်လာ) နဲ့ 8/256GB Version ကို ၁,၇၉၉ ယွမ် ( ၂၄၈ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ ဒီလ ၁၅ ရက်နေ့ တရုတ်မှာ စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။

Ref : gsmarena