Zawgyi




Ref: gizmochina

Unicode

Xiaomi Redmi 6 | Redmi 6A နဲ့ Redmi 5 Plus တို့အတွက် MIUI 10 Global Stable ROM ထွက်ပြီ

Xiaomi အနေနဲ့ MIUI ရဲ့ နောက်ဆုံး ဗားရှင်းဖြစ်တဲ့ MIUI 10 Global Stable ROM ကို Redmi 6, Redmi 6A, Redmi 5 Plus နဲ့ Redmi Note 5 (India) တို့အတွက် ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Over-the-air (OTA) Update မရရှိသေးတဲ့အတွက် Download ပြုလုပ်လိုသူများအနေနဲ့ Xiaom ရဲ့ တရားဝင် ဝက်ဆိုက်ဖြစ်တဲ့ en.miui.com သို့သွားပြီး သက်ဆိုင်ရာ Update.zip ဖိုင်ကို သီးသန့် Download လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း OTA Update က မကြာခင်မှာ ထွက်ရှိလာနိုင်ပါတယ်။

MIUI 10 ဟာ ပြောင်းလဲမှု များစွာ ပြုလုပ်ထားတဲ့ MIUI ဗားရှင်းဖြစ်ပြီး User Interface (UI) အပိုင်းမှာလည်း ဆန်းသစ် လှပလာတာကို တွေ့ရပါတယ်။ Camera တစ်လုံးတည်းပါတဲ့ Front Camera တွေကို Artificial Intelligence (A.I.) အကူအညီနဲ့ Portrait Mode ရိုက်နိုင်အောင်လည်း ပြုလုပ်ပေးထားပါသေးတယ်။ ဒါ့အပြင် Full-screen Display Gestures, Recent View ဒီဇိုင်းအသစ်တွေကို အသုံးပြုနိုင်မှာ ဖြစ်ပြီး Performance အပိုင်းကိုလည်း တိုးမြှင့်ပေးထားတာကြောင့် အရင် ဗားရှင်းတွေထက် ပိုမြန်ပြီး Smoth ပိုဖြစ်လာတယ်လို့ သိရပါတယ်။

Xiaomi Redmi 6, Redmi 6A နဲ့ Redmi 5 Plus Global အလုံးတွေအတွက် MIUI 10 Global Stable ROM ကို Download ပြုလုပ်လိုသူများအနေနဲ့ ဒီလင့်မှာ Download ပြုလုပ်နိုင်ပါတယ်။

Ref: gizmochina