Redmi K70 Series ကို နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ Redmi က K70 Pro ရဲ့ ဒီဇိုင်းကို ပြသလိုက်ပြီး အဖြူနဲ့ အနက်ရောင်တွေ ဖြစ်ပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ့ LED Flash ၁ လုံးကို လေးထောင့်ပုံသဏ္ဍန် Island ထဲမှာ ထည့်သွင်းထားပြီး ဒီဇိုင်းက Xiaomi 14 Series နဲ့ တော်တော် တူညီပါတယ်။ ဒါပေမယ့် Island ကို ထောင့်စွန်းအထိ တိုးချဲ့ထားပါတယ်။

Redmi က K70 Pro ရဲ့ သတင်းအချက်အလက် တချို့ကိုလည်း မျှဝေထားပါတယ်။ မျက်နှာပြင်က 6.67” ဖြစ်ပြီး ကိုယ်ထည်က အလွန်ပါးလွှာကာ ၇၄.၉ မီလီမီတာပဲ ရှိပါတယ်။ မျက်နှာပြင် ဘေးဘက်တွေက ကွေးညွှတ်နေတာ မဟုတ်ဘဲ ပြားချပ်နေပါတယ်။ ကင်မရာ Bump ကတော့ သိသိသာသာ ငေါထွက်နေပါတယ်။

စတိုးဆိုင် တစ်ခုက Redmi K70 နဲ့ Redmi K70 Pro ရဲ့ Memory Combination နဲ့ အရောင်တွေကို ဖော်ပြထားပါတယ်။ RAM က အနည်းဆုံး 16GB နဲ့ Storage က 1TB အထိ ပါလာမှာပါ။ Redmi က အဖြူနဲ့ အနက်ရောင်တွေကိုပဲ ပြသထားပေမယ့် အပြာနဲ့ ခရမ်းရောင်တွေလည်း ထွက်လာမှာပါ။

နိုဝင်ဘာလ ၂၉ ရက်နေ့ ပွဲဟာ Redmi အတွက် ကြီးကျယ်ခမ်းနားမှာပါ။ အဲဒီပွဲမှာ Redmi Book 16 2024 Laptop ၊ Redmi Watch 4 Wearable နဲ့ Redmi Buds 5 Pro TWS နားကြပ်တို့ကိုပါ ကြေညာနိုင်ပါတယ်။

Ref : gsmarena