Redmi က လွန်ခဲ့တဲ့ ၁ လအကြာက K70 Series ကို ကြေညာခဲ့ပြီး အခုတော့ ကုမ္ပဏီက ရောင်းအားကို ပြောကြားလိုက်ပါတယ်။ စတင် ရောင်းချပြီး ၂ ပတ်အကြာမှာ Redmi K70 Series အလုံးရေ ၁ သန်း ရောင်းချထားနိုင်ပြီး အရင်မျိုးဆက် K Series တွေရဲ့ ရောင်းအားကို ကျော်တက်နိုင်ခဲ့ပါတယ်။

Redmi K70 Series ထဲမှာ Redmi K70, K70 Pro နဲ့ K70e စတဲ့ မော်ဒယ် ၃ မျိုး ပါဝင်ပါတယ်။ အနောက်ဘက်မှာ ကွဲပြားတဲ့ ဒီဇိုင်း ပါတဲ့ အထူးထုတ် Automobil Lamborghini Squadra Corse ကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Redmi K70 ကို ၃၅၀ ဒေါ်လာ သတ်မှတ်ထားပြီး K70 Pro က ၄၆၅ ဒေါ်လာက စပါတယ်။ အဲဒီ ဖုန်းတွေမှာ စွမ်းရည်မြင့် Chipset တွေ ထည့်သွင်းထားပြီး 50MP ကင်မရာအသစ်တွေ တပ်ဆင်ထားပါတယ်။ ပေးရတဲ့ ‌ဈေးထက် တန်တဲ့ စမတ်ဖုန်းတွေ ဖြစ်ပါတယ်။

Redmi K70e မှာ Dimensity 8300 Ultra Chipset မောင်းနှင်ထားပြီး 90W Charging နဲ့ အနောက်ကင်မရာ ၃ လုံး ပါလာကာ ၂၈၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Lamborghini Edition ဟာ Redmi K70 Pro နဲ့ တူညီပြီး Snapdragon 8 Gen 3 Chipset , 24GB RAM နဲ့ 1TB Storage ထည့်သွင်းထားပါတယ်။ လေးထောင့် ကင်မရာ Island အစား ဆဌဂံ ဒီဇိုင်းကို အသုံးပြုထားပါတယ်။ Lamborghini Essenza SCV12 ရဲ့ အရောင်တွေ ဖြစ်တဲ့ အစိမ်းနဲ့ အဝါရောင် ထုတ်လုပ်ထားပါတယ်။

Ref : gsmarena