Redmi ဟာ တရုတ်မှာ မကြာခင် Turbo စမတ်ဖုန်း Series အသစ်ကို ကြေညာတော့မှာ ဖြစ်ပြီး Note နဲ့ K Series အကြားမှာ ရှိမှာ ဖြစ်ပါတယ်။ Turbo Series ဟာ စွမ်းဆောင်ရည်ကို အသားပေးထားမှာ ဖြစ်ပါတယ်။ Redmi Turbo 3 ဟာ Series အသစ်ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာ ဖြစ်ပြီး အခုတော့ အဲဒီ ဖုန်းရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Redmi Turbo 3 emerges in leaked images - GSMArena.com news

Redmi Turbo 3 ရဲ့ အနောက်ဘက် ဒီဇိုင်းဟာ ထူးခြားပြီး OIS ထောက်ပံ့တဲ့ 200MP Main ကင်မရာ အပါအဝင် ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ အလယ်မှာ Macro လို့ ထင်ရတဲ့ ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။

Redmi Turbo 3 emerges in leaked images - GSMArena.com newsRedmi Turbo 3 emerges in leaked images - GSMArena.com news

တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ထွက်နေတဲ့ သတင်းတွေအရ Redmi Turbo 3 မှာ မကြာခင်က ကြေညာထားတဲ့ Snapdragon 8s Gen 3 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 16GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Android 14 အခြေပြု HyperOS မောင်းနှင်ထားမှာ ဖြစ်ပြီး 90W Fast Charging ထောက်ပံ့တဲ့ 5,500mAh Battery ပါလာနိုင်ပါတယ်။ 6.67” 1220p OLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 120Hz Refresh Rate ပါလာနိုင်ပါတယ်။

Ref : gsmarena