Reese Witherspoon ရဲ့ မီဒီယာ ကုမ္ပဏီ Hello Sunshine နဲ့ World of Women (WoW) တို့ ပူးပေါင်းကာ NFT တွေကို ထုတ်လုပ်ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ အမျိုးသားတွေ ကြီးစိုးနေတဲ့ Cryptocurrency နယ်ပယ်မှာ ကျား၊ မ တန်းတူ အခွင့်အရေး ရရှိဖို့ ရည်ရွယ်ထားပါတယ်။ World of Women ဟာ အမျိုးသမီး Creator တွေရဲ့ အနုပညာလက်ရာ ၁၀,၀၀၀ ကို ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ရောင်းချခဲ့ပြီး NFT (Non-fungible Token) နယ်ပယ်မှာ နာမည်ကြီးလာပါတယ်။

World of Women/ The Joker😈 @LagunitasIQ

ပူးပေါင်းမှုရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ Hello Sunshine ဟာ World of Women ရဲ့ ဇာတ်ကောင်တွေကို ဖန်တီးကာ ရုပ်ရှင်နဲ့ တီဗီ စီးရီးတွေမှာ ထည့်သွင်းမှာ ဖြစ်ပါတယ်။ ဒါဟာ NFT တွေ နာမည်ကြီးလာပြီး သမားရိုးကျ မီဒီယာ ကုမ္ပဏီတွေဟာ အဲဒီ နယ်ပယ်ကို ဝင်ရောက်လာကြတယ်ဆိုတာ သက်သေပြနေပါတယ်။

World Of Women NFT Collection Gets Media Deal With Reese Witherspoon's  Hello Sunshine: Here Are The Details - Apple (AAPL) | Benzinga

Hello Sunshine x World of Women Live Event ကို အမျိုးသမီးတွေ ဦးဆောင်တဲ့ NFT စီမံကိန်းတွေနဲ့ ပူးပေါင်း ကျင်းပဖို့ စီစဉ်ထားပါတယ်။ ရည်ရွယ်ချက်က အမျိုးသမီးတွေကို NFT နယ်ပယ်အကြောင်း သင်ကြားပြသပေးဖို့ ဖြစ်ပါတယ်။

“ Crypto နဲ့ NFT နယ်ပယ်ကို အများစု အုပ်စိုးထားတာက အမျိုးသားတွေ ဖြစ်ပေမယ့် World of Women လို အထင်ကြီးစရာကောင်းတဲ့ ခေါင်းဆောင်တွေရှိပါတယ်။ WoW ဟာ မီဒီယာနဲ့ နည်းပညာအတွက် ကြီးမားတဲ့ အပြောင်းအလဲမှာ အမျိုးသမီးတွေအတွက် အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးနေပါတယ်။ WoW နဲ့ ပူးပေါင်းရတာ ဂုဏ်ယူစရာ ကောင်းပြီး ထူးခြားဆန်းသစ်တဲ့ Content တွေကို ဖန်တီးမှာ ဖြစ်ပါတယ်။ “ လို့ Reese Witherspoon က ပြောပါတယ်။

Ref : variety