[Zawgyi]

OPPO Reno နဲ႔ Reno 10x Zoom ေတြကို ၿပီးခဲ့တဲ့ ဇြန္လတုန္းကမွ ကြၽန္ေတာ္တို႔ရဲ႕ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ႀကီးမွာ မိတ္ဆက္ထားတာပါ။ ဒီေတာ့ ၂လပဲ ရွိေသးတယ္လို႔ ေျပာလို႔ရပါတယ္။ ဒါေပမယ့္ OPPO တို႔ကေတာ့ မ်ိဴးဆက္သစ္ စမတ္ဖုန္းေတြျဖစ္လာမယ့္ Reno2 Series ကို ဒီလထဲမွာ မိတ္ဆက္ႏိုင္ဖို႔ ျပင္ဆင္ေနပါၿပီ။

ေက်ာဘက္ ကင္မရာ ၄လုံး၊ 20x Zoom ေထာက္ပံ့ေပးႏိုင္မယ့္ ကင္မရာနဲ႔ ငမန္းေတာင္ Pop-up Camera ေတြပါတဲ့ Reno 2 Series ကို ဒီလ ၾသဂုတ္လ ၂၈ရက္ေန႔မွာ မိတ္ဆက္သြားမွာျဖစ္ေၾကာင္း တရားဝင္ေၾကညာလိုက္ပါၿပီ။ OPPO India ရဲ႕ တြစ္တာစာမ်က္ႏွာကေန တဆင့္ ထုတ္ျပန္ေၾကညာလိုက္တာျဖစ္ၿပီး အိႏၵိယႏိုင္ငံမွာ ပထမဦးဆုံး မိတ္ဆက္သြားမယ္လို႔ ဆိုပါတယ္။

တခုမရွင္းတာက 20x Zoom ဟာ Optical Zoom ကို ေျပာတာလား၊ Hybrid Zoom ကို ေျပာတာလား ဒါမွမဟုတ္ Digital Zoom ကို ေျပာတာလား ဆိုတာပါ။ OPPO Reno 10x Zoom မွာတုန္းကေတာ့ 5x Optical Zoom, 10x Hybrid Zoom နဲ႔ 60x Digital Zoom ေတြကို ေထာက္ပံ့ေပးထားပါတယ္။ ဒီေတာ့ 20x Zoom ဆိုတာ Hybrid Zoom ကို ရည္ၫႊန္းေျပာဆိုလိုတာ ျဖစ္ႏိုင္တယ္လို႔ ယူဆရပါတယ္။

မည္သို႔ပင္ဆိုေစကာမူ Hybrid Zoom ကို အဆင့္ျမႇင့္လိုက္မယ္ဆိုရင္ မ်ားေသာအားျဖင့္ Optical Zoom ကိုလည္း အဆင့္ျမႇင့္ဖို႔ လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ OPPO Reno2 20x Zoom ရဲ႕ Periscope Lens က အရင္တုန္းကထက္ အမ်ားႀကီး ပိုေကာင္းလာမယ္ဆိုတာ ေသခ်ာေနပါၿပီ။ ဒါ့အျပင္ Digital Zoom ကလည္း 60x ထက္ ပိုလာႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ OPPO Reno2 Series ရဲ႕ ကင္မရာ ၄လုံးေပါင္းလုပ္ေဆာင္ခ်က္နဲ႔ Zooming အပိုင္းေတြက ဘယ္ေလာက္ေတာင္ ထူးျခားလာမလဲဆိုတာ ေတာ္ေတာ္ေလး စိတ္ဝင္စားဖို႔ ေကာင္းေနပါၿပီ။

Ref : Android Authority

[Unicode]

20x Zoom နဲ့ ကင်မရာ ၄လုံးပါမယ့် OPPO Reno2 စီးရီးကို ဒီလထဲမှာ မိတ်ဆက်မည်

OPPO Reno နဲ့ Reno 10x Zoom တွေကို ပြီးခဲ့တဲ့ ဇွန်လတုန်းကမှ ကျွန်တော်တို့ရဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးမှာ မိတ်ဆက်ထားတာပါ။ ဒီတော့ ၂လပဲ ရှိသေးတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် OPPO တို့ကတော့ မျိူးဆက်သစ် စမတ်ဖုန်းတွေဖြစ်လာမယ့် Reno2 Series ကို ဒီလထဲမှာ မိတ်ဆက်နိုင်ဖို့ ပြင်ဆင်နေပါပြီ။

ကျောဘက် ကင်မရာ ၄လုံး၊ 20x Zoom ထောက်ပံ့ပေးနိုင်မယ့် ကင်မရာနဲ့ ငမန်းတောင် Pop-up Camera တွေပါတဲ့ Reno 2 Series ကို ဒီလ သြဂုတ်လ ၂၈ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါပြီ။ OPPO India ရဲ့ တွစ်တာစာမျက်နှာကနေ တဆင့် ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ ပထမဦးဆုံး မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။

တခုမရှင်းတာက 20x Zoom ဟာ Optical Zoom ကို ပြောတာလား၊ Hybrid Zoom ကို ပြောတာလား ဒါမှမဟုတ် Digital Zoom ကို ပြောတာလား ဆိုတာပါ။ OPPO Reno 10x Zoom မှာတုန်းကတော့ 5x Optical Zoom, 10x Hybrid Zoom နဲ့ 60x Digital Zoom တွေကို ထောက်ပံ့ပေးထားပါတယ်။ ဒီတော့ 20x Zoom ဆိုတာ Hybrid Zoom ကို ရည်ညွှန်းပြောဆိုလိုတာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

မည်သို့ပင်ဆိုစေကာမူ Hybrid Zoom ကို အဆင့်မြှင့်လိုက်မယ်ဆိုရင် များသောအားဖြင့် Optical Zoom ကိုလည်း အဆင့်မြှင့်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် OPPO Reno2 20x Zoom ရဲ့ Periscope Lens က အရင်တုန်းကထက် အများကြီး ပိုကောင်းလာမယ်ဆိုတာ သေချာနေပါပြီ။ ဒါ့အပြင် Digital Zoom ကလည်း 60x ထက် ပိုလာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် OPPO Reno2 Series ရဲ့ ကင်မရာ ၄လုံးပေါင်းလုပ်ဆောင်ချက်နဲ့ Zooming အပိုင်းတွေက ဘယ်လောက်တောင် ထူးခြားလာမလဲဆိုတာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

Ref : Android Authority