Unicode

Oppo ရဲ့ မျိုးဆက်သစ်ထုတ်ကုန် Reno3 နဲ့ Reno3 Pro 5G စမတ်ဖုန်းတွေကို လာမယ့်အပတ်ထဲမှာ တရားဝင် မိတ်ဆက်လာတော့မှာပါ။ အခြား အချက်အလက်တွေ အသီးသီးထွက်ပေါ်ထားခဲ့ပြီးနောက် ဒီတစ်ခါ ထွက်ပေါ်လာတာတော့ ဒီဖုန်းနှစ်လုံးရဲ့ ဈေးနှုန်းနဲ့ Geekbench ပေါ်က စွမ်းဆောင်မှု ရလဒ်တွေပါ။

ထွက်ပေါ်လာတဲ့ Leak သတင်းအရတော့ Oppo Reno3 5G စမတ်ဖုန်းဟာ 8/128 GB မော်ဒယ်နဲ့ 12/128 GB နှစ်မျိုးထွက်လာမှာဖြစ်ပြီး 8GB RAM မော်ဒယ်က တရုတ်ယွမ်ငွေ ၃၁၉၉ (မြန်မာငွေ ခြောက်သိန်းကိုးသောင်းခန့်) ကျသင့်ကာ 12GB RAM ဗားရှင်းကတော့ ၃၅၉၉ ယွမ် (မြန်မာငွေ ခုနစ်သိန်းရှစ်သောင်းနီးပါး) သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

Reno3 Pro 5G စမတ်ဖုန်းကတော့ တရုတ်ပြည်တွင်းဈေးကွက်ကို 8/128 GB နဲ့ 12/256 GB မော်ဒယ်နှစ်မျိုး မိတ်ဆက်လာမယ်လို့ တရားဝင်အတည်ပြုပြီးသားပါ။ အခုထွက်ပေါ်လာတဲ့သတင်းအရ Reno3 Pro 5G စမတ်ဖုန်းရဲ့ အခြေခံမော်ဒယ်ဟာ ယွမ် ၃၆၉၉ (မြန်မာငွေ ရှစ်သိန်းနီးပါး) သတ်မှတ်ထားပြီး 12/256 ဗားရှင်းက ယွမ် ၄၁၉၉ (မြန်မာငွေ ကိုးသိန်းဝန်းကျင်) ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

Oppo Reno3 Pro 5G ရဲ့ မော်ဒယ်နံပါတ်ဖြစ်တဲ့ PCRM00 ကို Geekbench မှာလည်း တွေ့ခဲ့ရပြီး 8GB RAM မန်မိုရီနဲ့ Android 10 OS တို့ဖြင့် ဝင်ရောက်အစမ်းသပ်ခံခဲ့ပါတယ်။ သူ့ရဲ့ Single-core နဲ့ Multi-core ရလဒ်တွေကတော့ 2847 နဲ့ 7686 တို့ အသီးသီးဖြစ်တာကို တွေ့ရပါတယ်။

Ref – Gizmo China

Zawgyi

Oppo ရဲ႕ မ်ဳိးဆက္သစ္ထုတ္ကုန္ Reno3 နဲ႔ Reno3 Pro 5G စမတ္ဖုန္းေတြကို လာမယ့္အပတ္ထဲမွာ တရားဝင္ မိတ္ဆက္လာေတာ့မွာပါ။ အျခား အခ်က္အလက္ေတြ အသီးသီးထြက္ေပၚထားခဲ့ၿပီးေနာက္ ဒီတစ္ခါ ထြက္ေပၚလာတာေတာ့ ဒီဖုန္းႏွစ္လုံးရဲ႕ ေစ်းႏႈန္းနဲ႔ Geekbench ေပၚက စြမ္းေဆာင္မႈ ရလဒ္ေတြပါ။

ထြက္ေပၚလာတဲ့ Leak သတင္းအရေတာ့ Oppo Reno3 5G စမတ္ဖုန္းဟာ 8/128 GB ေမာ္ဒယ္နဲ႔ 12/128 GB ႏွစ္မ်ဳိးထြက္လာမွာျဖစ္ၿပီး 8GB RAM ေမာ္ဒယ္က တရုတ္ယြမ္ေငြ ၃၁၉၉ (ျမန္မာေငြ ေျခာက္သိန္းကိုးေသာင္းခန္႔) က်သင့္ကာ 12GB RAM ဗားရွင္းကေတာ့ ၃၅၉၉ ယြမ္ (ျမန္မာေငြ ခုနစ္သိန္းရွစ္ေသာင္းနီးပါး) သတ္မွတ္ထားတယ္လို႔ ဆုိပါတယ္။

Reno3 Pro 5G စမတ္ဖုန္းကေတာ့ တရုတ္ျပည္တြင္းေစ်းကြက္က္ို 8/128 GB နဲ႔ 12/256 GB ေမာ္ဒယ္္ႏွစ္မ်ဳိး မိတ္ဆက္လာမယ္လို႔ တရားဝင္အတည္ျပဳၿပီးသားပါ။ အခုထြက္ေပၚလာတဲ့သတင္းအရ Reno3 Pro 5G စမတ္ဖုန္းရဲ႕ အေျခခံေမာ္ဒယ္ဟာ ယြမ္ ၃၆၉၉ (ျမန္မာေငြ ရွစ္သိန္းနီးပါး) သတ္မွတ္ထားၿပီး 12/256 ဗားရွင္းက ယြမ္ ၄၁၉၉ (ျမန္မာေငြ ကိုးသိန္းဝန္းက်င္) က်သင့္မွာျဖစ္္တယ္လို႔ သိရပါတယ္။

Oppo Reno3 Pro 5G ရဲ႕ ေမာ္ဒယ္နံပါတ္ျဖစ္တဲ့ PCRM00 ကို Geekbench မွာလည္း ေတြ႕ခဲ့ရၿပီး 8GB RAM မန္မုိရီနဲ႔ Android 10 OS တုိ႔ျဖင့္ ဝင္ေရာက္အစမ္းသပ္္ခံခဲ့ပါတယ္။ သူ႕ရဲ႕ Single-core နဲ႔ Multi-core ရလဒ္ေတြကေတာ့ 2847 နဲ႔ 7686 တုိ႔ အသီးသီးျဖစ္တာကို ေတြ႕ရပါတယ္။

Ref – Gizmo China