[Unicode]

Reno3 Pro နဲ့ပတ်သက်တဲ့သတင်းတွေကတော့ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေကတည်းက တားမရဆီးမရ ထွက်ပေါ်နေခဲ့တာ အခုအချိန်ထိပါပဲ။ လာမယ့် ဒီဇင်ဘာ ၂၆ ရက်နေ့မှာ မိတ်ဆက်မယ့် Reno3 Pro ဟာ Redmi K30 5G ပြီးရင် Snapdragon 765G သုံးစွဲထားတဲ့ ဒုတိယမြောက် စမတ်ဖုန်း ဖြစ်လာပါလိမ့်မယ်။

အခုလည်း Reno3 Pro ရဲ့ VOOC 4.0 အားသွင်းစနစ်နဲ့ပတ်သက်တဲ့ သတင်းတစ်ခု ထွက်လာပြန်ပါတယ်။ OPPO ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ Shen Yiren က Reno3 Pro မှာ VOOC 4.0 ပါဝင်မယ်လို့ Weibo မှာ ကြေညာခဲ့ပြီးပါပြီ။ Shen က ဒီဟန်းဆက်အနေနဲ့ မိနစ် ၂၀ အတွင်း သုညကနေ ၅၀% အထိ အားသွင်းနိုင်ပြီး ၁၀၀% အားသွင်းဖို့ ၅၆ မိနစ်ပဲ လိုအပ်တယ်လို့ ဆိုပါတယ်။

Reno3 Pro ဟာ 4,025mAh ဘက်ထရီကို အသုံးပြုထားမယ်ဆိုတာ အတည်ပြုခဲ့ပြီး ဒီဘက်ထရီကို 7.7 မီလီမီတာ ကိုယ်ထည်ထဲ ထည့်သွင်းထားတာပါ။ ဘက်ထရီပမာဏကတော့ Redmi K30 5G ရဲ့ 4,500mAh နဲ့ နှိုင်းယှဉ်ရင် အနည်းငယ်လျော့နည်းတယ်ဆိုပေမယ့် အမြန်အားသွင်းစနစ်ကိုပိုပြီး အဆင့်မြှင့်တင်ထားတာကတော့ သတင်းကောင်းပါပဲ။

Reno3 Pro ဟာ 48MP အဓိကကင်မရာအပါအဝင် ကျောဘက်ကင်မရာ ၄ လုံးတပ်ဆင်ထားမှာဖြစ်ပါတယ်။ 6.5-inch OLED မျက်နှာပြင်မှာ Punch-hole နဲ့အတူ 32MP selfie ကင်မရာတစ်လုံးလည်း တပ်ဆင်ပေးထားမှာပါ။ In-display fingerprint ဖြစ်ပြီး 8GB of RAM နဲ့ 128GB storage ပါဝင်မှာ ဖြစ်ပါတယ်။

Ref: Gizmochina

[Zawgyi]

Reno3 Pro ရဲ႕ VOOC 4.0 ဟာ ၅၆ မိနစ္အတြင္း အားအျပည့္သြင္းႏိုင္တယ္လို႔ ႂကြားလုံးထုတ္လိုက္တဲ့ OPPO

Reno3 Pro နဲ႔ပတ္သက္တဲ့သတင္းေတြကေတာ့ လြန္ခဲ့တဲ့ ရက္သတၱပတ္ေတြကတည္းက တားမရဆီးမရ ထြက္ေပၚေနခဲ့တာ အခုအခ်ိန္ထိပါပဲ။ လာမယ့္ ဒီဇင္ဘာ ၂၆ ရက္ေန႔မွာ မိတ္ဆက္မယ့္ Reno3 Pro ဟာ Redmi K30 5G ၿပီးရင္ Snapdragon 765G သုံးစြဲထားတဲ့ ဒုတိယေျမာက္ စမတ္ဖုန္း ျဖစ္လာပါလိမ့္မယ္။

အခုလည္း Reno3 Pro ရဲ႕ VOOC 4.0 အားသြင္းစနစ္နဲ႔ပတ္သက္တဲ့ သတင္းတစ္ခု ထြက္လာျပန္ပါတယ္။ OPPO ရဲ႕ ဒုတိယဥကၠ႒ျဖစ္တဲ့ Shen Yiren က Reno3 Pro မွာ VOOC 4.0 ပါဝင္မယ္လို႔ Weibo မွာ ေၾကညာခဲ့ၿပီးပါၿပီ။ Shen က ဒီဟန္းဆက္အေနနဲ႔ မိနစ္ ၂၀ အတြင္း သုညကေန ၅၀% အထိ အားသြင္းႏိုင္ၿပီး ၁၀၀% အားသြင္းဖို႔ ၅၆ မိနစ္ပဲ လိုအပ္တယ္လို႔ ဆိုပါတယ္။

Reno3 Pro ဟာ 4,025mAh ဘက္ထရီကို အသုံးျပဳထားမယ္ဆိုတာ အတည္ျပဳခဲ့ၿပီး ဒီဘက္ထရီကို 7.7 မီလီမီတာ ကိုယ္ထည္ထဲ ထည့္သြင္းထားတာပါ။ ဘက္ထရီပမာဏကေတာ့ Redmi K30 5G ရဲ႕ 4,500mAh နဲ႔ ႏႈိင္းယွဥ္ရင္ အနည္းငယ္ေလ်ာ့နည္းတယ္ဆိုေပမယ့္ အျမန္အားသြင္းစနစ္ကိုပိုၿပီး အဆင့္ျမႇင့္တင္ထားတာကေတာ့ သတင္းေကာင္းပါပဲ။

Reno3 Pro ဟာ 48MP အဓိကကင္မရာအပါအဝင္ ေက်ာဘက္ကင္မရာ ၄ လုံးတပ္ဆင္ထားမွာျဖစ္ပါတယ္။ 6.5-inch OLED မ်က္ႏွာျပင္မွာ Punch-hole နဲ႔အတူ 32MP selfie ကင္မရာတစ္လုံးလည္း တပ္ဆင္ေပးထားမွာပါ။ In-display fingerprint ျဖစ္ၿပီး 8GB of RAM နဲ႔ 128GB storage ပါဝင္မွာ ျဖစ္ပါတယ္။

Ref: Gizmochina