တနင်္လာနေ့ နံနက်မှာ တွစ်တာဟာ ငှက်ပြာလေး လိုဂိုအစား X လိုဂိုကို ပြောင်းလဲ အသုံးပြုလိုက်ပါတယ်။ X လိုဂိုကို တွစ်တာ Web Version ရဲ့ Homepage ၊ တရားဝင် တွစ်တာ အကောင့်ရဲ့ ပရိုဖိုင် ဓါတ်ပုံနဲ့ ဝက်ဘ်ဆိုက်ကို Load လုပ်နေချိန်မှာ ပြသတဲ့ Screen မှာ မြင်ရပါတယ်။

RIP Twitter's iconic bird logo - The Verge

ဒါပေမယ့် ငှက်ပြာလေးလိုဂိုဟာ တွစ်တာမှာ လုံးဝ မရှိတော့တာ မဟုတ်ဘဲ ဝက်ဘ်ဆိုက်ရဲ့ Favicon နဲ့ မိုဘိုင်း App တွေမှာ မြင်ရပါသေးတယ်။ မိုဘိုင်း App တွေကို Update လုပ်ပြီးတာနဲ့ X လိုဂိုကို ပြောင်းလဲ အသုံးပြုမှာ ဖြစ်ပါတယ်။  Elon Musk က တွစ်တာ အမည်ကို X နဲ့ ငှက်ပြာလေး လိုဂိုအစား X စာလုံးတစ်လုံးထဲပါတဲ့ လိုဂိုကို အသုံးပြုမယ်လို့ တနင်္ဂနွေနေ့ကတည်းက အသိပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။

Musk က X လိုဂိုအတွက်  User တွေက ဒီဇိုင်းဆွဲပေးဖို့ တောင်းဆိုခဲ့ပြီးနောက် အခုလို လိုဂိုကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ Musk က ကြိုက်တဲ့ လိုဂိုကို ဒီည ရတာနဲ့ မနက်ဖြန် တစ်ကမ္ဘာလုံးမှာ ပြောင်းလဲလိုက်မယ်လို့ ပြောခဲ့ပါတယ်။ လိုဂို အသစ်ဟာ Fans တွေထဲက တစ်ယောက် ဖန်တီးထားတာ ဖြစ်ပြီး Sawyer Merritt ဆိုသူရဲ့ လက်ရာ ဖြစ်နိုင်ပါတယ်။ အဲဒီနောက် Musk ဟာ သူကြိုက်တာရတာနဲ့ ကိုယ်ပိုင် ပရိုဖိုင် ဓါတ်ပုံကို X လိုဂို ပြောင်းလဲခဲ့ပါတယ်။

Musk က X လိုဂို အသစ်ကို အချိန်နဲ့အမျှ ပိုကောင်းအောင် ပြုလုပ်မယ်လို့ပြောထားပါတယ်။ Tweets ကို အခု ဘယ်လို ခေါ်ရမလဲလို့ Musk ကို မေးတဲ့အခါ သူက X’s လို့ ခေါ်မယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

Ref : theverge