Caterpillar ဆိုတဲ့ Brand နာမည်က စမတ်ဖုန်းလောကမှာမထင်ရှားပေမယ့် စက်ယန္တယားတွေကို ထုတ်လုပ်တဲ့နေရာမှာတော့ နာမည်ကြီးဖြစ်ပါတယ်။ အခုအချိန်မှာလည်း Caterpillar ကုမ္ပဏီကနေ ဆိုက်တွေထဲမှာနဲ့ အခြားသော ဖုန်းက အချိန်မရွေးပြုတ်ကျပျက်စီးနိုင်တဲ့ နေရာတွေမှာ အလုပ်လုပ်နေရတဲ့သူတွေအတွက် Cat S41 စမတ်ဖုန်းကို ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။

Cat S41 ဖုန်းဟာဆိုရင် အကြမ်းခံနိုင်အောင် အထူးပြုလုပ်ထားတဲ့အတွက် Military Standard MIL SPEC 810G ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒါက ဘာကိုဆိုလိုတာလဲဆိုရင် Cat S41 ကို အမြင့် ၆ ပေကနေ အောက်ခြေ ကွန်ကရစ်ကြမ်းပြင်ကို လွှတ်ချရင်တောင် ဘာမှမဖြစ်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် အလွန်အမင်း ပူပြင်းမှုတွေနဲ့ အေးတဲ့ ရာသီဥတုတွေကိုပါ ခံနိုင်ရည်ရှိနေမှာပါ။ IP 68 လည်း ပါတယ်ဆိုတော့ ရေစိမ်ခံနိုင်ဦးမှာဖြစ်ပါတယ်။

ဒီလိုမျိုး အကြမ်းခံအောင် ပြုလုပ်ထားတဲ့ Cat S41 ဖုန်းက စွမ်းဆောင်ရည်ပိုင်းမှာလည်း မလျော့နည်းပါဘူး။ 5″ Full HD Display ပါဝင်မှာဖြစ်ပြီးတော့ Octa Core 2.3Ghz CPU, RAM 3GB နဲ့ Internal Storage 32GB ပါဝင်မှာဖြစ်ပြီး MicroSD Slot လည်းပါဝင်ဦးမှာဖြစ်ပါတယ်။

Cat S41 မှာ ကင်မရာတွေအနေနဲ့ 13MP Back Camera နဲ့ 8MP Front Camera ပါဝင်မှာဖြစ်ပါတယ်။ Battery ကလည်း ကြီးမားတဲ့ 5000mAh Battery ပါဝင်ဦးမှာဖြစ်ပြီး အခြားဖုန်းတွေကိုပါ ပြန်လည်အားသွင်းနိုင်မှာဖြစ်ပါတယ်။

Cat S41 ဖုန်းကို Android 7.0 Nougat ထည့်သွင်းပေးထားပြီး ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၄၀၀ ဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။