Android 15 မှာ အလန်းစား စွမ်းရည် တစ်ခု ပါလာတော့မှာပါ။ အဲဒါကတော့ ဖုန်း ပိတ်ထားရင်တောင် ပျောက်သွားတဲ့ ဖုန်းရဲ့ တည်နေရာကို ခြေရာခံနိုင်မှာပါ။ နာမည်ကြီး Android Developer တစ်ယောက် ဖြစ်တဲ့ Mishaal Rahman က Google ဟာ ဖုန်း ပိတ်ထားရင်တောင် Bluetooth Controllers တွေ အလုပ်တချို့လုပ်နိုင်တဲ့ နည်းပညာကို ရှာဖွေနေတယ်လို့ ပြောပါတယ်။

Android 15

အဲဒီ စွမ်းရည်ဟာ Apple ရဲ့ Find My Network နဲ့ တူတဲ့ Network တစ်ခုကို ဖန်တီးချင်တဲ့ Google ရဲ့ စီမံကိန်း အပေါ်မှာ တည်ဆောက်ထားမှာပါ။ အဲဒီ Network မှာ ဖုန်းမှ Bluetooth Beacons တွေဟာ အချိန်အပိုင်းအခြား တစ်ခုအတွင်း လှိုင်းတိုတွေကို ထုတ်လွှင့်ပေးနိုင်ပြီး အနီးအနားက Device တွေက ဖမ်းယူနိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ Android Device ပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိတဲ့အတွက် ပျောက်သွားတဲ့ဖုန်းရဲ့ တည်နေရာကို တခြား ဖုန်းတွေရဲ့ အကူအညီနဲ့ ရှာနိုင်တာပါ။

အိုင်ဒီယာက ဖုန်း မပိတ်ခင်မှာ Bluetooth Controller ရဲ့ Memory မှာ လှိုင်းတွေကို မှတ်သားထားမှာပါ။ ဖုန်း ပိတ်သွားရင် Controller  က မှတ်သားထားတဲ့ လှိုင်းတွေကို တခြား ဖုန်းတွေထံ ထုတ်လွှင့်ပေးနိုင်ပြီး ပျောက်သွားတဲ့ ဖုန်းရဲ့ တည်နေရာကို ခြေရာခံနိုင်တာပါ။

အဲဒီ လုပ်ဆောင်ချက်ကို အသုံးပြုဖို့ ဖုန်းမှာ ဟာ့ဒ်ဝဲ တစ်ခု လိုအပ်ပါတယ်။ Pixel 8 နဲ့ Pixel 8 Pro တို့က အဲဒီ စွမ်းရည်ကို အရင်ဆုံးရမယ်လို့ သတင်းထွက်နေပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ဖုန်း ပျောက်သွားရင် သို့မဟုတ် ဖုန်း အခိုးခံရရင် အသုံးဝင်မှာပါ။

Ref : gizchina