200MP ကင်မရာပါတဲ့ ဖုန်းကို ဖန်တီးနေတာ Motorola ကုမ္ပဏီ ၁ ခုတည်း မဟုတ်ပါဘူး။ Digital Chat Station က 200MP ကင်မရာ ဆန်ဆာ၊ Snapdragon 8+ Gen 1 Chipset ၊ 120Hz မျက်နှာပြင်နဲ့ 5,000mAh ဘက်ထရီ ပါတဲ့ ဖုန်း ၁ လုံးထွက်လာမယ်လို့ ပြောပါတယ်။

Rumor: Xiaomi is also working on a phone with a 200MP sensor

Digital Chat Station က အဲဒီ ဖုန်းကို ဘယ်ကုမ္ပဏီက ထုတ်လုပ်မလဲဆိုတာ မပြောပေမယ့် Xiaomi ဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။ အတိအကျ ပြောရရင် Redmi K50S Pro ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် Xiaomi 12T Pro လည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ အဲဒီ ဖုန်း ၂ လုံးဟာ အတူတူပဲ ဖြစ်ပြီး နိုင်ငံအလိုက် နာမည်ကွဲသွားမှာ ဖြစ်ပါတယ်။

Rumor: Xiaomi is also working on a phone with a 200MP sensor - GSMArena.com news

အဲဒီ ဆန်ဆာဟာ Samsung ရဲ့ ISOCELL HP1 သို့မဟုတ် ISOCELL HP3 ဖြစ်မှာပါ။ ၂ လုံးစလုံးမှာ 200MP Resolution ရှိပေမယ့် Optical Format နဲ့ Pixel အရွယ်အစားတွေ ကွဲပြားမှာ ဖြစ်ပြီး 1/1.22” ၊ 0.64µm နဲ့ 1/1.4” ၊ 0.56µm အသီးသီး ရှိပါတယ်။

Motorola က ပိုကြီးတဲ့ HP1 ကို အသုံးပြုထားပြီး ကင်မရာ Sample တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက မျှဝေခဲ့ပါတယ်။ Sample တွေမှာ ဆန်ဆာက 4-in-1 Pixel Binning နဲ့ ဘာတွေလုပ်နိုင်သလဲဆိုတာ ပြသထားပြီး 50MP ရုပ်သေ ဓါတ်ပုံ ၁ ပုံလည်း ပါပါတယ်။ Xiaomi သုံးမယ့် ဆန်ဆာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ စွမ်းရည်မြင့် 8+ Gen 1 Chipset ကို သုံးထားမယ့်အတွက် HP1 ကို ရွေးချယ်ထားမယ်လို့ ထင်ပါတယ်။

Ref : gsmarena