Huawei Mate 10 ရဲ့ Release Date ကတော့ 16 ရက်နေ့ အောက်တိုဘာလ လို့ ထွက်ရှိလာပါပြီ။ ထုံးစံအတိုင်းပဲ Mate 10 နောက်က Mate 10 Pro လိုက်လာမှာဖြစ်ပါတယ်။ သူရဲ့ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်ပုံစံကြောင့် Phone + Tablet ပုံစံဖြစ်ပြီး Phablet လို့ နာမည်ပေးထားပါတယ်။

Galaxy S8 Plus, iPhone 8 Plus တို့နဲ့ တပြေးတည်း လိုက်နေပေမယ့် ဝယ်သင့်မဝယ်သင့်ကိုတော့ Customer Reviews တွေကြည့်နိုင်ပါတယ်။

Huawei က ထွက်ရှိတဲ့ဖုန်းတွေထဲမှာ မျက်နှာပြင်အကျယ်ဆုံးလို့ သတ်မှတ်နိုင်ပါတယ်။

ဈေးကလည်း တော်တော်များမယ်လို့ မှန်းထားကြပါတယ်။ Release Date ထွက်ပြီး မကြာမီမှာပဲ အလွယ်တကူ ဝယ်နိုင်မယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ Bezel-less 6 Inches, 2:1 Display ဖြစ်လို့ Tablet လိုလည်း သုံးနိုင်ပါတယ်။

Resolution အနေနဲ့ 2,160×1,080ဖြစ်ပြီး Dual Lens, Front-Facing Camera, 3D Facing Skills စတာတွေပါလို့ ရုပ်ထွက်က ပြောစရာမလိုပါဘူး။ ဒါပေမယ့် အရင်ထွက်ရှိခဲ့တဲ့ သတင်းတွေမှာ 5.9 Inches, 150.2×77.5×8.4 mm ပဲရှိတယ်လို့ ထွက်ခဲ့တဲ့အတွက် Mate 10 ဟာ Mate 9 ထက် Size သေးမယ်လို့ ကောလဟာလ ပြန့်ခဲ့ပါတယ်။ တကယ်တမ်းမှာတော့ အရွယ်အစားကြီးတဲ့ ဖုန်းတစ်လုံးအနေနဲ့ ထွက်ရှိလာမှာပါ။

23MP နဲ့ Dual Lens Camera က 20MP ရှိလို့ဓာတ်ပုံကောင်းကောင်းလေးတွေလည်း ရိုက်ကူးနိုင်မှာပါ။ 4000 mAh Battery ပါဝင်မှာဖြစ်ပေမယ့် 3200 mAh ပဲ ရှိမယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။

Huawei ရဲ့ CEO ဖြစ်တဲ့ Richard Yu ကတော့ Mate 10 ဟာ iPhone အသစ်ထက် ပိုပြီးသာလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။ ပညာရှင်များက Android 8 Oreo Software ကိုအခြေခံမယ်လို့ မျှော်လင့်ထားပေမယ့် ဘာ Software သုံးမလဲဆိုတာတော့ အရိပ်အမြွက်ပဲ ပြောထားပါတယ်။ P 10 တုန်းက Emotion UI 5.1 သုံးခဲ့လို့ Mate 10 မှာတော့ UI 6 လို့ ခန့်မှန်းထားကြပါသေးတယ်။

ထွက်ရှိလာတော့မယ့် Mate 10 ကို ရေစိုခံဒီဇိုင်း ဖြစ်မယ်လို့ သုံးသပ်ထားကြပါတယ်။ ဒါပေမယ့် Waterproof Design ကိုတော့ Huawei က စိတ်ဝင်စားပုံမပေါ်သေးပါဘူး။ Metallic ဆန်တဲ့ ဒီဇိုင်းမျိုးနဲ့တော့ မြင်ရဦးမယ်လို့ သတင်းရရှိထားပါတယ်။