ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲပြီးတဲ့အချိန်ကစလို့ ရုရှားနိုင်ငံဟာ “အကြမ်းဖက်ဝါဒ ကျင့်သုံးတဲ့နိုင်ငံ” ဖြစ်သွားပါပြီ။ ဒါဟာ ပူတင်အစိုးရအတွက် တစ်ခုတည်းသော ဂုဏ်ပုဒ်မဟုတ်သေးပါဘူး။ ရုရှားနိုင်ငံဟာ လွတ်လပ်စွာပြောဆိုခွင့် စာရင်းရဲ့ အောက်ဆုံးကို ရောက်ရှိလို့ သွားပါပြီ။

ပူတင်အစိုးရဟာ တခြားရွေးချယ်စရာ အချက်အလက်တွေရဲ့ ရင်းမြစ်တွေနဲ့ ချန်နယ်တွေအားလုံးကို ပိတ်ဆို့နေပါတယ်။ ဥပမာအားဖြင့် ရုရှားဟာ ဆွစ်ဇာလန်နိုင်ငံပိုင် တီဗီနဲ့ ရေဒီယိုကုမ္ပဏီ SRG SSR ကို ပိတ်ဆို့ဖို့ စီမံနေတာမျိုး ဖြစ်ပါတယ်။ Military censorship ဖြစ်တဲ့ Materials တွေကို အသုံးပြုနေလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ပဲ ဖြစ်ပါတယ်။

အခုလည်း ရုရှားဟာ အမေရိကန်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်တွေကို ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ အဆိုပါ ဝက်ဘ်ဆိုက်တွေကတော့ CIA, FBI နဲ့ US Dep of State Justice Awards Program စတာတွေပဲ ဖြစ်ပါတယ်။ ဒါက နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်လို့တော့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။ ပူတင်နဲ့ ရုရှားအစိုးရဟာ အဆိုပါ ဝက်ဘ်ဆိုက်တွေ လွှင့်တင်ခြင်းကို လုံးဝ မကြိုက်နှစ်သက်ကြောင်း ထင်ထင်ပေါ်ပေါ်ပြသလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒီနေရာမှာ တစ်ခုပြန်ပြောဖို့လိုတာက ရုရှားရဲ့ ယူကရိန်းပေါ် ပြုလုပ်လာတဲ့ ကျူးကျော်စစ်နဲ့ပတ်သက်ရင် ကမ္ဘာ့နိုင်ငံတွေက “စစ်ပွဲ” အဖြစ် ရည်ညွှန်းကြပေမဲ့ ရုရှားကတော့ “အထူးစစ်ဆင်ရေး” ဆိုတဲ့ ဝေါဟာရနဲ့ပဲ ရည်ညွှန်းပါတယ်။ အဲဒီနောက်မှာတော့ ရုရှားမှာ ပိတ်ဆို့မှုတွေ အမြောက်အများဖြစ်ပေါ်လာတယ်ဆိုတာ ယုံမှားသံသယဖြစ်စရာမလိုတော့ပါဘူး။

SRG SSR နဲ့ပတ်သက်တဲ့ ကိစ္စကို ကြည့်မယ်ဆိုရင်လည်း ပူတင်အစိုးရက “Military censorship” ခေါင်းစဉ်နဲ့ ပိတ်ဆို့ဖို့လုပ်နေပေမဲ့ အမှန်တကတယ်တမ်းမှာတော့ ဒီ ကုမ္ပဏီဟာ ရုရှားအပေါ် ရန်စမှုတွေ မပြုလုပ်ပေမဲ့ ယူကရိန်းလိုလားတဲ့ အကြောင်းအရာတွေကို ထုတ်လွှင့်တင်ဆက်နေတာမျိုး ဖြစ်ပါတယ်။

Ref: Gizchina