ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လာတဲ့စစ်ပွဲကို ကမ္ဘာ့လူသားတွေအားလုံး သိနိုင်၊ မြင်နိုင်အောင် ပို့ဆောင်ပေးတဲ့နေရာမှာ နည်းပညာနဲ့ မီဒီယာက အရေးအပါဆုံးအခန်းကဏ္ဍမှာ ရှိနေပါတယ်။ အထူးသဖြင့် အင်တာနက်ဟာ အစွမ်းထက်တဲ့ သတင်းဖြန့်ချိရေးနည်းပညာ ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားက Google Maps ရဲ့ သုတေသီတွေဟာ ရုရှားစစ်တပ်ရဲ့ယာဉ်တွေ ယူကရိန်းနယ်စပ်ကိုမဝင်ခင်နာရီပိုင်းအလိုမှာ စုဝေးနေကြတာကိုလည်း တွေ့မြင်ခဲ့ကြပါတယ်။ အခုတော့ Google, Facebook နဲ့ Apple တို့ဟာ သူတို့ရဲ့ဝန်ဆောင်မှုတွေကို အသုံးပြုခွင့်ကန့်သတ်တာ၊ ထုတ်ကုန်ရောင်းချခြင်းမပြုတော့တာ စတဲ့လုပ်ဆောင်ချက်တွေနဲ့အတူ ပံ့ပိုးကူညီလာကြပြီ ဖြစ်ပါတယ်။

ရုရှားကတော့ Google ရဲ့ YouTube ကို “ယုံမှားစေတဲ့” ကြော်ငြာတွေလို့ စွပ်စွဲနေပေမဲ့ နည်းပညာကုမ္ပဏီကြီးရဲ့ ဆိုက်ဘာမျက်နှာစာကတော့ ဒီကိစ္စအပေါ် ခပ်အေးအေးဖြစ်သွားမဲ့ပုံမပေါ်ဘဲ ဆက်လက်ဖော်ပြနေမယ်လို့ ယုံကြည်ရပါတယ်။ The Wall Street Journal ရဲ့ ဖော်ပြမှုအရ ရုရှားဟာ YouTube အနေနဲ့ “ယုံမှားဖွယ်ရာနိုင်ငံရေးသတင်းအချက်အလက်” တွေကို ဖော်ပြခြင်းရပ်တန့်ဖို့ တောင်းဆိုနေကြောင်း သိရပါတယ်။

ရုရှားအနေနဲ့ သူ့ရဲ့ကျူးကျော်စစ်ဇာတ်လမ်းကို ထိန်းချုပ်ဖို့ပိုပြီးပြင်းထန်လာဖွယ်ရှိတယ်လို့ သုံးသပ်ရပါတယ်။ YouTube အနေနဲ့ ရုရှားပရိသတ်တွေ အထင်မှားစေတဲ့ ကြော်ငြာကမ်ပိန်းကို ပြုလုပ်နေတယ်လို့ ရုရှားကအခိုင်အမာပြောပါတယ်။ (အမေရိကန် FCC လိုမျိုး) ရုရှားရဲ့ Roskomnadzor က ရုရှားကိုတိုက်ခိုက်နေတဲ့ “သတင်းအချက်အလက်စစ်ပွဲ” မှာ YouTube ကို အသုံးပြုနေခြင်းက လက်ခံနိုင်စရာမရှိဘူးလို့ သူ့ရဲ့ VK Profile မှာ လွှင့်တင်ထားပါတယ်။

ရုရှားဟာ YouTube က သူတို့ရဲ့ဝါဒဖြန့်ချိရေးဆိုင်ရာ RT နဲ့ Sputnik ချန်နယ်တွေကို ပြန်လည်ရရှိလိုနေတာလည်းဖြစ်ပါတယ်။ Google အနေနဲ့ ရုရှားရဲ့တောင်းဆိုမှုနဲ့ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိပေမဲ့လည်း လက်ခံနိုင်ဖွယ်မရှိဘူးလို့ WSJ က ဆိုပါတယ်။

Ref: Android Police