အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုကြောင့် Google ဟာ ရုရှားရဲ့ BQ ကုမ္ပဏီကို Android လိုင်စင် မထုတ်ပေးတော့ပါဘူး။ အဲဒီအတွက် BQ ဟာ တရုတ် အခြေစိုက် Huawei ရဲ့ HarmonyOS ကို စမ်းသပ်နေတယ်လို့ သတင်းထွက်လာပြီး ကုမ္ပဏီဟာ HarmonyOS ထည့်သွင်းထားတဲ့ စမတ်ဖုန်းကို ဒီနှစ် ဒုတိယ နှစ်ဝက်မှာ ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။ Huawei ကတော့ HarmonyOS စမတ်ဖုန်းကို တရုတ် ပြင်ပမှာ ရောင်းချဖို့ အစီအစဉ် မရှိသေးဘူးလို့ မကြာခင်က ပြောထားပါတယ်။

HarmonyOS 2.0 reaches 90 million users, 8 new users are added every second - GSMArena.com news

Huawie က “ HarmonyOS ကို စတင် ဖြန့်ချိစဉ်ကတည်းက သုံးစွဲသူများစွာရဲ့ ချစ်ခင်အားပေးမှုကို ရခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်အကုန်မှာ HarmonyOS ထည့်သွင်းထားတဲ့ Huawei Device ပေါင်း သန်း ၂၂၀ ရှိခဲ့ပါတယ်။ လူတွေရဲ့ HarmonyOS အပေါ် စိတ်ဝင်စားမှုနဲ့ မျှော်လင့်ချက်ကြီးမားမှုကို အရမ်း ဝမ်းသာအားရ ဖြစ်မိပါတယ်။ ဒါပေမယ့် HarmonyOS ပါတဲ့ စမတ်ဖုန်းကို နိုင်ငံခြားမှာ ရောင်းချဖို့ အစီအစဉ် မရှိသေးပါဘူး။ “ လို့ ပြောခဲ့ပါတယ်။

HarmonyOS

Huawei ရဲ့ အထက်ပါ ပြောကြားချက်ကြောင့် ရုရှားက BQ ဟာ HarmonyOS ကို မသုံးဘူးလို့ ထင်မြင်ယူဆတာတွေ ရှိပါတယ်။ ဒါပေမယ့်လည်း Huawei ဟာ ကုမ္ပဏီက ထုတ်တဲ့ စမတ်ဖုန်းတွေကို ရည်ညွှန်းတာ ဖြစ်ပြီး နိုင်ငံခြား Brand ၁ ခုက တရုတ် ပြင်ပမှာ HarmonyOS ကို မသုံးရဘူးလို့ မဆိုလိုပါဘူး။

Huawei ဟာ ၂၀၁၉ ခုနှစ်မှာ HarmonyOS ကို တရားဝင် ဖြန့်ချိခဲ့ပြီး နောက် ၁ နှစ်အကြာမှာ HarmonyOS 2.0 ကို ထုတ်လုပ်ပေးခဲ့ပါတယ်။ Huawei ရဲ့ Operating System ဟာ Device များစွာနဲ့ Hardware များစွာကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး အဲဒီအထဲမှာ ဖုန်း ၊ တက်ဘလက်၊ စမတ်နာရီ၊ ကားနဲ့ Internet of Things (IoT) တွေ ပါဝင်ပါတယ်။

Ref : gizchina