Salesforce ဝန်ထမ်းတွေဟာ ကုမ္ပဏီရဲ့ NFT ဝန်ဆောင်မှု ပြုလုပ်မယ့် အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်နေကြပါတယ်။ ဝန်ထမ်း ၄၀၀ လောက်ဟာ Cloud Software ကုမ္ပဏီရဲ့ Messaging Channels ကနေ Crypto အစီအစဉ်ကို လက်လျှော့ဖို့ စာတစ်စောင်ကို လက်မှတ် ရေးထိုးနေကြပါတယ်။ စာမှာ NFT ဟာ သဘာဝပတ်ဝန်းကျင်အတွက် ဆိုးကျိုး ဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။

Salesforce employees protest against its NFT ambitions | Engadget

Salesforce ဟာ User တွေ Token အခြေပြု Content တွေ ဖန်တီး၊ ရောင်းချနိုင်တဲ့ NFT Cloud Sales ပလက်ဖောင်းကို ပြုလုပ်ပေးဖို့ စီစဉ်နေတယ်လို့ ပြီးခဲ့တဲ့ ၁ ပတ်ကပဲ CNBC က သတင်းပေးခဲ့ပါတယ်။ အဲဒီအစီအစဉ်ဟာ နာမည်ကြီး OpenSea NFT ဈေးကွက်ကို ယှဉ်ပြိုင်ဖို့ ဖြစ်ပါတယ်။ Salesforce ရဲ့ ဈေးကွက် နည်းဗျူဟာ ဒါရိုက်တာ Mathew Sweezey က “ ၂၀၂၂ ခုနှစ်မှာ NFT နဲ့ ပတ်သက်တဲ့ သတင်းတွေ ပိုမိုကြားရမှာ ဖြစ်ပါတယ်။ “ လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြောခဲ့ဖူးပါတယ်။ သူက အရိပ်အမြွက်ပဲ ပြောကြားခဲ့ပြီး အသေးစိတ်ကို မပြောသွားခဲ့ပါဘူး။

Salesforce employees protest company's NFT plans

Salesforce ရဲ့ NFT စီမံကိန်းကို ကန့်ကွက်နေတဲ့ ဝန်ထမ်းများစွာ ရှိပြီး ဝန်ထမ်း တစ်ယောက်က ဆိုရင် အဲဒီ ဝန်ဆောင်မှုကို ပြုလုပ်ရင် အလုပ်ကထွက်မယ်လို့တောင်ပြောပါတယ်။

Salesforce ရဲ့ ပြောရေးဆိုခွင့်ရှိသူ Karly Bolton က “ ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ တုန့်ပြန်မှုကို ကြိုဆိုပြီး အမြင်မတူညီတာတွေကို စဉ်းစားသုံးသပ်သွားမှာ ဖြစ်ပါတယ်။ နောက် ၁ ပတ်မှာ ဝန်ထမ်းတွေရဲ့ တုန့်ပြန်သံတွေကို နားထောင်တဲ့ အစီအစဉ် ၁ ခု ပြုလုပ်သွားမှာ ဖြစ်ပြီး သူတို့ရဲ့ ရည်မှန်းချက်တွေကနေ ကုမ္ပဏီရဲ့ အနာဂတ်လမ်းကြောင်းကို ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

NFT နဲ့ Cryptocurrency တွေဟာ နည်းပညာ လောကမှာ နာမည်ကြီးလာပေမယ့် တချို့ ကုမ္ပဏီတွေဟာ ဌာနတွင်းကရော ပြင်ပကပါ ကန့်ကွက်တာတွေကြောင့် စီမံကိန်းတွေ ဖျက်သိမ်းနေရပါတယ်။ ဂိမ်း ကုမ္ပဏီ Team17 နဲ့ GSC Game World တို့ဟာ NFT စီမံကိန်းကို ဖျက်သိမ်းလိုက်ရပြီး Kickstarter ကလည်း Blockchain Protocol ကို အသွင်ကူးပြောင်းမယ့် အစီအစဉ်ကို အရှိန်လျှော့ချမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပါတယ်။

Ref : theverge