Samsung ကနေ နောက်နှစ် ၂၀၁၈ ခုနှစ်အတွက် အမြင့်ပိုင်းဖုန်း Series တစ်ခုဖြစ်တဲ့ Samsung Galaxy A Series (2018) ဖုန်းတွေကို ကြေငြာသွားတော့မှာဖြစ်ပါတယ်။ အဆိုပါ A Series (2018) ဖုန်းတွေမှာလည်း Samsung Galaxy S8 လိုမျိုး Infinity Display တွေပါဝင်လာမယ်ဆိုတာက သေချာသလောက်ဖြစ်နေပါပြီ။

အဆိုပါ သတင်းကို ပိုပြီးသေချာစေတာကတော့ ယခုပေါက်ကြားလာခဲ့တဲ့ Samsung Galaxy A8+ (2018) ဖုန်းရဲ့ ပုံရိပ်တွေပဲဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့ Samsung Galaxy A8+ (2018) ရဲ့ ပုံတွေအရတော့ Samsung Galaxy A Series ဖုန်းတစ်ခုထက် Samsung Galaxy S8 နဲ့ တူညီတဲ့ အရှေ့ဒီဇိုင်းကိုတွေ့မြင်လာရပြီး Samsung Galaxy S8 လိုမျိုး Curved Display မဟုတ်တာပဲ ကွာခြားသွားမှာဖြစ်ပါတယ်။

အခုထွက်လာတဲ့ပုံအရတော့ Samsung Galaxy A Series (2018) ဖုန်းတွေမှာ Samsung Galaxy S8 လို 18.5:9 Display မဟုတ်ပဲ အခုနောက်ပိုင်း အသုံးများလာတဲ့ 18:9 Ratio Display ကိုပဲ တပ်ဆင်လာမယ်လို့ ယူဆရပြီး Fingerprint Scanner ကိုတော့ ဖုန်းရဲ့ နောက်ကျောဘက်မှာပြောင်းထားရမယ်လို့ ယူဆရပါတယ်။