Samsung နဲ့ Apple ဟာ လက်ရှိအကောင်းဆုံးသော စမတ်ဖုန်းတွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီကြီး ၂ ခုဖြစ်သလိုပဲ အချင်းချင်း ပြိုင်ဆိုင်မှုတွေလည်း ပြင်းထန်နေတာဖြစ်ပါတယ်။

အခုတစ်ကြိမ်မှာတော့ Samsung ကနေ ၁ မိနစ်ကြာတဲ့ ကြော်ငြာဗီဒီယိုတစ်ခုကို ထုတ်ခဲ့ပြီး အဆိုပါ ဗီဒီယိုမှာ ဆယ်စုနှစ်တစ်ခုစာလုံးအတွက် Apple iPhone အသုံးပြုသူတွေကို လှောင်ပြောင်ပြီး နောက်ဆုံးမှာ “Grow up with Galaxy” ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

ဒီဗီဒိုယိုမှာ Samsung ရဲ့ Wireless Charging နည်းပညာ၊ ရေစိုခံနိုင်မှု၊ S Pen လိုမျိုး အားသာချက်တွေကိုပါ ထည့်သွင်းဖော်ပြခဲ့တာပါ။

Samsung ရဲ့ ကြော်ငြာဗီဒီယိုကို ဖော်ပြလိုက်ပါတယ်။