Google က Circle to Search AI Feature ကို Pixel တွေအတွက် မကြေညာခင် ဇန်နဝါရီလမှာ Samsung က အဲဒီ Feature ကို Galaxy S24 Series အတွက် ကြေညာခဲ့ပါတယ်။ ကုမ္ပဏီ ၂ ခုဟာ AI နယ်ပယ်မှာ တော်တော် ပူးပေါင်းထားတာ သေချာပါတယ်။

အနာဂတ်မှာ ကုမ္ပဏီ ၂ ခုဆီကနေ AI Feature တွေ ပိုမိုထွက်လာနိုင်ပါတယ်။ ကုမ္ပဏီ ၂ ခုဟာ Android မောင်းနှင်ထားတဲ့ သူတို့ရဲ့ စမတ်ဖုန်းတွေအတွက် AI Feature အသစ်တွေကို ဖန်တီးနေကြပါတယ်။

Samsung Mobile အကောင့်နဲ့ Google ရဲ့ Platforms and Devices ဌာနမှ အကြီးတန်း ဒုတိယ ဥက္ကဌ Rick Osterloh တို့က X မှာ အဲဒီ အကြောင်းကို ပို့စ်တင်ထားပါတယ်။ Rick Osterloh ဟာ Samsung Electronics ရဲ့ ဥက္ကဌ TM Roh နဲ့ တွေ့ဆုံထားပါတယ်။

Samsung and Google are working together on new AI features – St John Shopon

Osterloh က Samsung နဲ့ Google တို့ရဲ့ ပူးပေါင်းမှုဟာ အခုအချိန်မှာ အားအကောင်းဆုံး ဖြစ်နေတယ်လို့ ပြောပါတယ်။

Samsung က ကုမ္ပဏီ ၂ ခုဟာ အကောင်းဆုံး Android Ecosystem ကို အတူတကွ ပူးပေါင်း  ဖန်တီးနေတယ်လို့ ပြောပါတယ်။ AI စွမ်းရည်ပါတဲ့ Android နဲ့ Galaxy Experience တွေလာမယ်လို့ ပြောပါတယ်။

Ref : gsmarena