ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Apple ကနေ အသုံးပြုတာ ၁ နှစ်ကျော်ကြာပြီဖြစ်တဲ့ စမတ်ဖုန်းတွေကို Battery စွမ်းဆောင်ရည်လျော့နည်းလာတဲ့အတွက် အခြားစက်ပစ္စည်းတွေမထိခိုက်အောင် CPU Speed ကို လျော့ချလိုက်တဲ့သတင်းကို လူတိုင်းသိကြမှာပါ။

Apple ရဲ့ အခုလိုလုပ်ရပ်အပေါ်မကျေနပ်ချက်တွေအများအပြားရှိခဲ့ပြီး အခုဆိုရင် Apple က အဆိုပါ ကိစ္စအတွက် တရားပါအစွဲခံနေရတာဖြစ်ပါတယ်။ အခြားစမတ်ဖုန်းကိုင်ဆောင်ထားတဲ့သူအများစုကလည်း သူတို့ရဲ့ စမတ်ဖုန်းတွေလည်း Apple iPhone တွေလိုပဲ အချိန်ကြာလာရင် CPU Speed လျော့ထားတာခံရမလားဆိုပြီး တွေးပြီးစိတ်ပူနေကြတာဖြစ်ပါတယ်။

ဒါပေမယ့်အခုအချိန်မှာတော့ Android စမတ်ဖုန်းကုမ္ပဏီတွေဖြစ်တဲ့ Samsung နဲ့ LG တို့က သူတို့ရဲ့ စမတ်ဖုန်းတွေကို အချိန်ကြာလို့ CPU စွမ်းဆောင်ရည်ကို လျော့ချပစ်တာမျိုး မရှိဘူးလို့ တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပါတယ်။

LG ကပြောတာကတော့ LG ဟာ Customer တွေ လိုအပ်ချက်ကို သိရှိနားလည်တဲ့အတွက်ကြောင့် အခုလိုမျိုး CPU Speed ကိုလျော့ချတာမျိုး မပြုတာဖြစ်တဲ့အကြောင်းပြောကြားခဲ့သလို Samsung ကလည်း သူတို့ရဲ့ စမတ်ဖုန်းတွေဟာ Battery အပါအဝင် အခြားသောအစိတ်အပိုင်းတွေကို အကောင်းဆုံးအရည်အသွေးနဲ့ ပြုလုပ်ထားတဲ့အတွက် CPU Speed ကို လျော့ပစ်စရာအကြောင်းမရှိဘူးလို့ ပြောကြားခဲ့တာပါ။

အခုလိုပြောကြားချက်က Samsung နဲ့ LG တင်မဟုတ်သေးပဲ ပြီးခဲ့တဲ့ရက်ပိုင်းက HTC နဲ့ Motorola ကလည်း သူတို့ရဲ့ စမတ်ဖုန်းတွေကို CPU Speed လျော့ချခဲ့ခြင်းမရှိဘူးဆိုပြီး ပြောကြားခဲ့ပါသေးတယ်။