လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက Samsung က 15.36TB SSD ကို ထုတ်လုပ်ခဲ့ပြီး ကမ္ဘာပေါ်မှာ Storage အများဆုံး SSD နေရာကို ရယူထားတာပဲဖြစ်ပါတယ်။ အခုအချိန်မှာလည်း Samsung ကနေ PM1643 SSD ကို ထုတ်လုပ်လိုက်ပြီး အဆိုပါ SSD က 30.72TB Storage ပါဝင်တဲ့အတွက် လက်ရှိမှာ Storage အရအများပြားဆုံး SSD တစ်ခုဖြစ်လာပါတယ်။

အခု Samsung ရဲ့ 30.72TB Storage ရှိတဲ့ PM1643 SSD ဟာ အမြန်နှုန်းအနေနဲ့ Read Speed 2100MB/s နဲ့ Write Speed 1700MB/s အထိရှိနေမှာဖြစ်ပါတယ်။ အခုလိုမျိုး မြန်ဆန်လှတဲ့ အမြန်နှုန်းကို ရရှိဖို့အတွက်လည်း Samsung ဟ 40GB DRAM တွေကို အသုံးပြုလာတာပဲဖြစ်ပါတယ်။

Samsung ရဲ့ ပြောကြားချက်အရတော့ အခု SSD ဟာ အလွန်ကြာရှည်ခံမှာဖြစ်ပြီး SSD Storage တစ်ခုလုံးဖြစ်တဲ့ 30.72TB Data တွေကို နေ့တိုင်း အသုံးပြုပြီး Rewrite ပြုလုပ်နေရင်တောင်မှာ အချိန် ၅ နှစ်ကျော်ခံမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Samsung က အခု 30.72TB SSD ရဲ့ ဈေးနှုန်းကိုတော့ ပြောကြားသွားခြင်းမရှိပေမယ့် အခြားသော Storage အမျိုးအစားတွေဖြစ်တဲ့ 15.36TB ၊ 7.68TB ၊ 3.84TB နဲ့ 0.8TB အထိ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။