Samsung Galaxy A Series စမတ်ဖုန်းတွေဟာ များသောအားဖြင့် Samsung ရဲ့ High End Series ဖြစ်တဲ့ Galaxy S Series ဖုန်းတွေနဲ့ Features အများအပြားပါဝင်ပြီးတော့ တော်တော်လေးကိုကောင်းတဲ့ စမတ်ဖုန်း Series လို့ ပြောလို့ရပါတယ်။

ဒီတစ်ခါမှာလည်း Samsung ကနေ Galaxy A Series စမတ်ဖုန်းတွေကို 2018 Edition ဖုန်းသစ်တွေဖြစ်တဲ့ Samsung Galaxy A6 နဲ့ A6+ စမတ်ဖုန်းတွေကို ထုတ်လုပ်ခဲ့လိုက်ပြီပဲဖြစ်ပါတယ်။ အခု Samsung Galaxy A6 နဲ့ A6+ စမတ်ဖုန်းတွေက ပြီးခဲ့တဲ့ Samsung Galaxy A8 ပြီး ဒုတိယမြောက်ထွက်ရှိလာတဲ့ Samsung Galaxy A Series ရဲ့ 2018 Edition စမတ်ဖုန်းတွေပဲဖြစ်ပါတယ်။

Samsung Galaxy A6 မှာတော့ HD+ Dispaly ကို အသုံးပြုထားတဲ့ 5.6″ Infinity Display ကို အသုံးပြုထာားပြီးတော့ Octa Core 1.6Ghz Processor ကို အသုံးပြုထားမှာဖြစ်ပါတယ်။ RAM နဲ့ Storage အနေနဲ့ 3GB | 32GB ဒါမှမဟုတ် RAM 4GB | 64GB ပါဝင်လာမှာပဲဖြစ်ပါတယ်။ MicroSD Card Slot လည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ Back Camera ကို 16MP f1.7 Aperture Camera တပ်ဆင်ေပးထားပြီးတော့ Selfie Camera ကိုတော့ 16MP Camera ပါဝင်လာမှာဖြစ်ပါတယ်။ Battery အနေနဲ့တော့ 3000mAh Battery ပဲ ပါဝင်မယ်လို့ သိရပါတယ်။

Samsung Galaxy A6+ စမတ်ဖုန်းမှာတော့ 6″ Full HD+ Display ပြောင်းလဲထားပြီးတော့ Camera အနေနဲ့ 16MP Camera + 5MP Camera ၂ ခုကို Dual Camera အနေနဲ့ ထည့်သွင်းထားပြီးတော့ Selfie Camera ကိုလည်း 24MP ကို အဆင့်မြှင့်တင်ထားတယ်လို့ သိရပါတယ်။ Battery က 3500mAh ပါဝင်မှာပါ။

အခု Samsung ရဲ့ စမတ်ဖုန်းအသစ်တွေက Samsung Galaxy S9 ဖုန်းတွေလိုပဲ Dolby Atmos ပါဝင်မှာဖြစ်ပြီးတော့ ဈေးနှုန်းအရ အသေးစိတ်ဖော်ပြထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။