Samsung ဟာ မတ်လ ၁၇ ရက်နေ့မှာ Galaxy A Series စမတ်ဖုန်း အသစ်တွေကို ကြေညာမယ်လို့ အတည်ပြုလိုက်ပြီး Galaxy A53 နဲ့ Galaxy A73 တို့ ဖြစ်နိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းတွေမှာ 5G ဆက်သွယ်မှု ထည့်သွင်းထားနိုင်ပြီး ပေါက်ကြားနေတဲ့ သတင်းတွေအရ Galaxy A53 မှာ Super AMOLED Infinity-O မျက်နှာပြင် ပါလာမှာပါ။ Full HD+ Resolution ထောက်ပံ့ထားနိုင်ပြီး 120Hz Refresh Rate ပါလာနိုင်ပါတယ်။

Galaxy A73

Exynos 1200 SoC မောင်းနှင်ထားနိုင်ပြီး 6GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်မှာပါ။ Android 12 အခြေပြု One UI 4.1 မောင်းနှင်ထားနိုင်ပြီး OIS Support ပါတဲ့ 64MP Main ကင်မရာ ၊ 12MP Ultrawide ၊ 5MP Depth နဲ့ 5MP Macro ကင်မရာတွေကို အနောက်ဘက်မှာ တပ်ဆင်ထားနိုင်ပါတယ်။ ဆဲလ်ဖီး ကင်မရာ အတွက် 32MP တပ်ဆင်ထားနိုင်ပါတယ်။

Galaxy A53 5G

မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာနိုင်ပြီး NFC, USB Type-C တွေ ထောက်ပံ့ထားနိုင်ပါတယ်။ 25W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားနိုင်ပါတယ်။

Samsung ဟာ Galaxy A73, Galaxy A33 နဲ့ A23 တို့ရဲ့ Specs တွေကိုလည်း အတည်ပြုထားပြီးပြီ ဖြစ်ပြီး မတ်လ ၁၇ ရက်နေ့မှာ အဲဒီ စမတ်ဖုန်းတွေကိုပါ ကြေညာနိုင်ပါတယ်။

Ref : gizchina