[Zawgyi]

ဟိုးအရင္ကေတာ့ ဖုန္းဆို ဂဏန္း Password ေလးေတြ Pattern ေလးေတြနဲ႔ Lock ခ်၊ ေနာက္ပိုင္းေရာက္ေတာ့ Fingerprint Scanner ေတြကို ဖုန္းရဲ႕ ေရွ႕ဘက္မွာ ထည့္ၾက၊ ေနာက္ပုိင္း Full View Screen ေခတ္ေရာက္လာေတာ့ Fingerprint Scanner ေတြကို ေနာက္ေက်ာဘက္ျပန္ေျပာင္းလိုက္ၾကျပီး အခုက်ေတာ ေနာက္လည္းမပါ ေရွ႕မွသက္သက္လည္းမဟုတ္ဘဲ Display ေအာက္မွာပါ ထားျပီး သံုးလာႏုိင္ေလာက္ေအာင္ နည္းပညာေတြ တျဖည္းျဖညး္ တုိးတက္လာခဲ့ပါျပီ။

ဒီေန႔ Full View ေခတ္ရဲ႕ Trend ထဲမွာ In-Display Fingerprint လည္း တစ္ခုအပါအဝင္ ျဖစ္လာျပီဆိုေတာ့ ေနာက္ပုိင္း High-End ဖုန္းေတြတင္မကဘဲ Mid-Range ဖုန္းတစ္ခ်ိဳ႕မွာပါ ေတြ႔လာေနရပါတယ္။ အခုလည္း Samsung က Mid-Range A-စီးရီးမွာ ပထမဆံုးအေနနဲ႔ UnderDisplay Fingerprint Scanner ကို ထည့္လာမယ္လို႔ သတင္းထြက္လာပါတယ္။

တရုတ္ႏုိင္ငံကေန Leak သတင္းေတြထြက္တဲ့ေနရာမွာ နာမည္ၾကီးတဲ့သူဆီကေတာ့ Samsung အေနနဲ႔ Galaxy A10 မွာ Under Display Fingerprint Scanner ကို သံုးထားမယ့္အေၾကာင္း ေဖာ္ျပထားပါတယ္။ တြစ္တာမွာလည္း Galaxy A ေမာ္ဒယ္လ္သစ္မွာ Snapdragon 845 သံုးထားမယ့္အေၾကာင္း ေဖာ္ျပထားပါေသးတယ္။

Galaxy A8s တုန္းက Snapdragon 710 နဲ႔ထြက္ထားျပီးေတာ့ လာမယ့္ A10 မွာ Flagship SoC နဲ႔ UnderDisplay Fingerprint  နဲ႔သာ တကယ္ထြက္လာရင္ေတာ့ Samsung A Series ေတြအေပၚ User ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ တစ္ေခါက္ျပန္လည္လာမယ္လို႔ေတာ့ ထင္ပါတယ္။

ဒါေပမယ့္ ဒါေတြက Leak သတင္းေတြအရ ခန္႔မွန္းရံုသက္သက္ပါပဲ။ မထြက္လာမခ်င္းေတာ့ ဘာေတြထပ္ေျပာင္းလဲဦးမလဲ ဘယ္သူမွ ၾကိဳမသိႏုိင္ေသးပါဘူး။ မွန္းထားသေလာက္ဆိုရင္လည္း ေနာက္လ Galaxy M Series သစ္ေတြ မိတ္ဆက္တဲ့အခ်ိန္ေလာက္မွာပဲ ဒီ A Series ေမာ္ဒယ္လ္သစ္ေတြကို မိတ္ဆက္လာမယ္လို႔ေတာ့ မွန္းထားပါတယ္။ ေနာက္ႏွစ္ ဇန္နဝါရီလကေတာ့ Samsung အေပၚ ေမွ်ာ္လင့္ခ်က္ေတြ မ်ားလြန္းတဲ့ လတစ္လလို႔ပဲ ဆိုရေတာ့မွာပါ။

Ref: GizChina, GsmArena

[Unicode]

ဟိုးအရင်ကတော့ ဖုန်းဆို ဂဏန်း Password လေးတွေ Pattern လေးတွေနဲ့ Lock ချ၊ နောက်ပိုင်းရောက်တော့ Fingerprint Scanner တွေကို ဖုန်းရဲ့ ရှေ့ဘက်မှာ ထည့်ကြ၊ နောက်ပိုင်း Full View Screen ခေတ်ရောက်လာတော့ Fingerprint Scanner တွေကို နောက်ကျောဘက်ပြန်ပြောင်းလိုက်ကြပြီး အခုကျတော နောက်လည်းမပါ ရှေ့မှသက်သက်လည်းမဟုတ်ဘဲ Display အောက်မှာပါ ထားပြီး သုံးလာနိုင်လောက်အောင် နည်းပညာတွေ တဖြည်းဖြည်း တိုးတက်လာခဲ့ပါပြီ။

ဒီနေ့ Full View ခေတ်ရဲ့ Trend ထဲမှာ In-Display Fingerprint လည်း တစ်ခုအပါအဝင် ဖြစ်လာပြီဆိုတော့ နောက်ပိုင်း High-End ဖုန်းတွေတင်မကဘဲ Mid-Range ဖုန်းတစ်ချို့မှာပါ တွေ့လာနေရပါတယ်။ အခုလည်း Samsung က Mid-Range A-စီးရီးမှာ ပထမဆုံးအနေနဲ့ UnderDisplay Fingerprint Scanner ကို ထည့်လာမယ်လို့ သတင်းထွက်လာပါတယ်။

တရုတ်နိုင်ငံကနေ Leak သတင်းတွေထွက်တဲ့နေရာမှာ နာမည်ကြီးတဲ့သူဆီကတော့ Samsung အနေနဲ့ Galaxy A10 မှာ Under Display Fingerprint Scanner ကို သုံးထားမယ့်အကြောင်း ဖော်ပြထားပါတယ်။ တွစ်တာမှာလည်း Galaxy A မော်ဒယ်လ်သစ်မှာ Snapdragon 845 သုံးထားမယ့်အကြောင်း ဖော်ပြထားပါသေးတယ်။

Galaxy A8s တုန်းက Snapdragon 710 နဲ့ထွက်ထားပြီးတော့ လာမယ့် A10 မှာ Flagship SoC နဲ့ UnderDisplay Fingerprint  နဲ့သာ တကယ်ထွက်လာရင်တော့ Samsung A Series တွေအပေါ် User တွေရဲ့ မျှော်လင့်ချက်တွေ တစ်ခေါက်ပြန်လည်လာမယ်လို့တော့ ထင်ပါတယ်။

ဒါပေမယ့် ဒါတွေက Leak သတင်းတွေအရ ခန့်မှန်းရုံသက်သက်ပါပဲ။ မထွက်လာမချင်းတော့ ဘာတွေထပ်ပြောင်းလဲဦးမလဲ ဘယ်သူမှ ကြိုမသိနိုင်သေးပါဘူး။ မှန်းထားသလောက်ဆိုရင်လည်း နောက်လ Galaxy M Series သစ်တွေ မိတ်ဆက်တဲ့အချိန်လောက်မှာပဲ ဒီ A Series မော်ဒယ်လ်သစ်တွေကို မိတ်ဆက်လာမယ်လို့တော့ မှန်းထားပါတယ်။ နောက်နှစ် ဇန်နဝါရီလကတော့ Samsung အပေါ် မျှော်လင့်ချက်တွေ များလွန်းတဲ့ လတစ်လလို့ပဲ ဆိုရတော့မှာပါ။

Ref: GizChina, GsmArena