[Zawgyi]

Samsung ရဲ႕ထုတ္ကုန္ေတြထဲမွာ ေဈးအႀကီးဆုံးကိုျပပါဆိုရင္ Galaxy Fold ကို ျပရမွာျဖစ္သလို၊ ျပႆနာ အျဖစ္ဆုံးကိုျပပါဆိုရင္လည္း ဒါကိုပဲျပရမယ္လို႔ ထင္ပါတယ္။

ပထမဦးဆုံးက ေဈးကြက္ထဲမျဖန႔္ခင္ Reviewer ေတြလက္ထဲမွာ မ်က္ႏွာျပင္ျပႆနာကိုေတြ႕ခဲ့တာေၾကာင့္ ျဖန႔္မယ့္ရက္ကို ေနာက္ဆုတ္ၿပီး ျပန္ျပင္ဆင္မြမ္းမံမႈေတြ လုပ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း မ်က္ႏွာျပင္ရဲ႕ႀကံ့ခိုင္မႈဟာ ေခါက္ႏိုင္ျဖန႔္ႏိုင္တဲ့ သတ္မွတ္ႀကိမ္ေရရဲ႕ တစ္ဝက္ေက်ာ္ေက်ာ္ေလာက္မွာပဲ ပ်က္စီးခဲ့လို႔ ေဝဖန္ခံခဲ့ရပါတယ္။

ဒါတင္မကေသးဘဲ Galaxy Fold ရဲ႕ ေက်ာဘက္ပတၱာေပၚက လိုဂိုစာလုံးကြာထြက္သြားလို႔ ေဝဖန္သံေတြနဲ႔ ဆူညံခဲ့ရျပန္ပါတယ္။ ေတာင္ကိုရီးယား နည္းပညာကုမၸဏီႀကီးကလည္း သူတို႔ရဲ႕ ထုတ္ကုန္နဲ႔ပတ္သက္ၿပီး သိမ္သိမ္ေမြ႕ေမြ႕ ကိုင္တြယ္အသုံးျပဳၾကဖို႔ တရားဝင္ ထုတ္ျပန္ထားၿပီး ျဖစ္ပါတယ္။

Samsung ဟာ Galaxy Fold နဲ႔ပတ္သက္ၿပီးေတာ့ အေမရိကန္ေဈးကြက္အတြက္ အထူးအစီအစဥ္ေတြ ျပဳလုပ္ထားပါတယ္။ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၃၁ ရက္ေန႔မတိုင္မီ ဝယ္ယူထားသူေတြဟာ မ်က္ႏွာျပင္ကို ပထမအႀကိမ္လဲလွယ္တပ္ဆင္မယ္ဆိုရင္ $149 (၂ သိန္း ၃ ေသာင္းဝန္းက်င္) ဘဲ ကုန္က်မယ္လို႔ ေၾကညာထားတာပါ။

အခုလည္း အေမရိကန္ေဈးကြက္ထဲက Galaxy Fold အသုံးျပဳသူေတြအတြက္ Premier Service ကို ျပဳလုပ္ေပးလိုက္ျပန္ပါၿပီ။ ဒီ Service ဟာ 24/7 အခ်ိန္မေ႐ြး တယ္လီဖုန္း၊ ဒါမွမဟုတ္ ဗီဒီယို ေခၚဆိုမႈကေနတစ္ဆင့္ ေခၚဆိုႏိုင္ၿပီး Galaxy Fold သုံးစြဲရာမွာ ႀကဳံေတြ႕ရတဲ့ ျပႆနာေတြကို ေမးျမန္းႏိုင္သလို၊ တစ္စုံတစ္ခုျဖစ္သြားရင္လည္း အလ်င္အျမန္ဆက္သြယ္ေပးပို႔ႏိုင္မယ္လို႔ သိရပါတယ္။

Ref: Phone Arena

[Unicode]

အမေရိကန်က Galaxy Fold အသုံးပြုသူတွေအတွက် 24/7 Service အစီအစဉ်စတင်လိုက်တဲ့ Samsung

Samsung ရဲ့ထုတ်ကုန်တွေထဲမှာ ဈေးအကြီးဆုံးကိုပြပါဆိုရင် Galaxy Fold ကို ပြရမှာဖြစ်သလို၊ ပြဿနာ အဖြစ်ဆုံးကိုပြပါဆိုရင်လည်း ဒါကိုပဲပြရမယ်လို့ ထင်ပါတယ်။

ပထမဦးဆုံးက ဈေးကွက်ထဲမဖြန့်ခင် Reviewer တွေလက်ထဲမှာ မျက်နှာပြင်ပြဿနာကိုတွေ့ခဲ့တာကြောင့် ဖြန့်မယ့်ရက်ကို နောက်ဆုတ်ပြီး ပြန်ပြင်ဆင်မွမ်းမံမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မျက်နှာပြင်ရဲ့ကြံ့ခိုင်မှုဟာ ခေါက်နိုင်ဖြန့်နိုင်တဲ့ သတ်မှတ်ကြိမ်ရေရဲ့ တစ်ဝက်ကျော်ကျော်လောက်မှာပဲ ပျက်စီးခဲ့လို့ ဝေဖန်ခံခဲ့ရပါတယ်။

ဒါတင်မကသေးဘဲ Galaxy Fold ရဲ့ ကျောဘက်ပတ္တာပေါ်က လိုဂိုစာလုံးကွာထွက်သွားလို့ ဝေဖန်သံတွေနဲ့ ဆူညံခဲ့ရပြန်ပါတယ်။ တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးကလည်း သူတို့ရဲ့ ထုတ်ကုန်နဲ့ပတ်သက်ပြီး သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်အသုံးပြုကြဖို့ တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

Samsung ဟာ Galaxy Fold နဲ့ပတ်သက်ပြီးတော့ အမေရိကန်ဈေးကွက်အတွက် အထူးအစီအစဉ်တွေ ပြုလုပ်ထားပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မတိုင်မီ ဝယ်ယူထားသူတွေဟာ မျက်နှာပြင်ကို ပထမအကြိမ်လဲလှယ်တပ်ဆင်မယ်ဆိုရင် $149 (၂ သိန်း ၃ သောင်းဝန်းကျင်) ဘဲ ကုန်ကျမယ်လို့ ကြေညာထားတာပါ။

အခုလည်း အမေရိကန်ဈေးကွက်ထဲက Galaxy Fold အသုံးပြုသူတွေအတွက် Premier Service ကို ပြုလုပ်ပေးလိုက်ပြန်ပါပြီ။ ဒီ Service ဟာ 24/7 အချိန်မရွေး တယ်လီဖုန်း၊ ဒါမှမဟုတ် ဗီဒီယို ခေါ်ဆိုမှုကနေတစ်ဆင့် ခေါ်ဆိုနိုင်ပြီး Galaxy Fold သုံးစွဲရာမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို မေးမြန်းနိုင်သလို၊ တစ်စုံတစ်ခုဖြစ်သွားရင်လည်း အလျင်အမြန်ဆက်သွယ်ပေးပို့နိုင်မယ်လို့ သိရပါတယ်။

Ref: Phone Arena