Unicode

Samsung ကနေ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်တုန်းက Flagship စမတ်ဖုန်းတွေအပါအဝင် Galaxy A Series စမတ်ဖုန်းတွေအတွက်ပါ Android 10 Update ကို ရရှိမယ့် Roadmap တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အခုလက်ရှိမှာလည်း Samsung စမတ်ဖုန်းအများအပြားက Android 10 Update ရရှိပြီးဖြစ်ပေမယ့် Galaxy S9 နဲ့ S9 Plus ဖုန်းတွေကတော့ Delay ဖြစ်သွားတဲ့ပုံစံပါပဲ။

Samsung ကနေ အစောပိုင်းထုတ်ပြန်ထားတဲ့ Roadmap အရဆိုရင် ဒီ Galaxy S9 Series စမတ်ဖုန်းတွေဟာ ယခု ဇန်နဝါရီလမှာ Android 10 Update ကို ရရှိရမှာဖြစ်ပေမယ့် အခုအချိန်မှာတော့ လာမယ့် ဖေဖော်ဝါရီလကို ရွေ့ဆိုင်းသွားတာပဲဖြစ်ပါတယ်။ ယခုသတင်းကို SamMobile ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Update ရရှိမယ့်အချိန်အတိအကျကိုလည်း ဖော်ပြသွားခြင်းမရှိပြန်ပါဘူး။

လောလောဆယ်မှာ Galaxy S9 အသုံးပြုသူတွေအနေနဲ့ Android 10 Update ကို Beta အနေနဲ့ပဲ အသုံးပြုနိုင်ပြီးတော့ Beta User တွေတောင်မှ Stable Android 10 Update ရရှိခြင်းမရှိသေးတဲ့အတွက် အချိန်အနည်းငယ်တော့ စောင့်ဆိုင်းရဦးမယ့်ပုံစံပါပဲ။ တဖက်မှာတော့ Galaxy S9 ရဲ့ နောက်မှ မိတ်ဆက်ထားတဲ့ Galaxy Note 9 ကတော့ Beta အသုံးပြုသူတွေက Android 10 Stable Update ကို ရရှိနေပြီလို့သိရပါတယ်။

ဒီ Android 10 ကို အခြေခံတဲ့ OneUI 2.0 Update ဟာ Samsung စမတ်ဖုန်းတွေအတွက် Gesture Navigation အသစ်နဲ့အတူ Dark Mode ၊ Location Privacy Feature တွေအပြင် Digital Wellbeing လို Feature အသစ်တွေပါဝင်လာမှာလည်းဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Galaxy S9 ဖုန်းတွေမှာ OneUI 2.0 Update နဲ့အတူ Camera Night Mode Feature ကိုပါ ရရှိလာနိုင်ဖွယ်ရှိနေပါတယ်။

Samsung Galaxy S9 Series စမတ်ဖုန်းတွေဟာ Android 8 Oreo နဲ့ ထွက်ရှိလာတဲ့အတွက် ဒီ Android 10 Update ဟာ S9 ဖုန်းတွေအတွက် နောက်ဆုံး Android OS Major Update ဖြစ်လာတော့မှာပါ။

Ref – Android Authority

Zawgyi

Samsung ကေန ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းေလာက္တုန္းက Flagship စမတ္ဖုန္းေတြအပါအဝင္ Galaxy A Series စမတ္ဖုန္းေတြအတြက္ပါ Android 10 Update ကို ရရွိမယ့္ Roadmap တစ္ခုကို ထုတ္ျပန္ခဲ့ပါတယ္။ အခုလက္ရွိမွာလည္း Samsung စမတ္ဖုန္းအမ်ားအျပားက Android 10 Update ရရွိၿပီးျဖစ္ေပမယ့္ Galaxy S9 နဲ႔ S9 Plus ဖုန္းေတြကေတာ့ Delay ျဖစ္သြားတဲ့ပုံစံပါပဲ။

Samsung ကေန အေစာပိုင္းထုတ္ျပန္ထားတဲ့ Roadmap အရဆိုရင္ ဒီ Galaxy S9 Series စမတ္ဖုန္းေတြဟာ ယခု ဇန္နဝါရီလမွာ Android 10 Update ကို ရရွိရမွာျဖစ္ေပမယ့္ အခုအခ်ိန္မွာေတာ့ လာမယ့္ ေဖေဖာ္ဝါရီလကို ေ႐ြ႕ဆိုင္းသြားတာပဲျဖစ္ပါတယ္။ ယခုသတင္းကို SamMobile ကေန ေဖာ္ျပခဲ့တာျဖစ္ၿပီး Update ရရွိမယ့္အခ်ိန္အတိအက်ကိုလည္း ေဖာ္ျပသြားျခင္းမရွိျပန္ပါဘူး။

ေလာေလာဆယ္မွာ Galaxy S9 အသုံးျပဳသူေတြအေနနဲ႔ Android 10 Update ကို Beta အေနနဲ႔ပဲ အသုံးျပဳႏိုင္ၿပီးေတာ့ Beta User ေတြေတာင္မွ Stable Android 10 Update ရရွိျခင္းမရွိေသးတဲ့အတြက္ အခ်ိန္အနည္းငယ္ေတာ့ ေစာင့္ဆိုင္းရဦးမယ့္ပုံစံပါပဲ။ တဖက္မွာေတာ့ Galaxy S9 ရဲ႕ ေနာက္မွ မိတ္ဆက္ထားတဲ့ Galaxy Note 9 ကေတာ့ Beta အသုံးျပဳသူေတြက Android 10 Stable Update ကို ရရွိေနၿပီလို႔သိရပါတယ္။

ဒီ Android 10 ကို အေျခခံတဲ့ OneUI 2.0 Update ဟာ Samsung စမတ္ဖုန္းေတြအတြက္ Gesture Navigation အသစ္နဲ႔အတူ Dark Mode ၊ Location Privacy Feature ေတြအျပင္ Digital Wellbeing လို Feature အသစ္ေတြပါဝင္လာမွာလည္းျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Galaxy S9 ဖုန္းေတြမွာ OneUI 2.0 Update နဲ႔အတူ Camera Night Mode Feature ကိုပါ ရရွိလာႏိုင္ဖြယ္ရွိေနပါတယ္။

Samsung Galaxy S9 Series စမတ္ဖုန္းေတြဟာ Android 8 Oreo နဲ႔ ထြက္ရွိလာတဲ့အတြက္ ဒီ Android 10 Update ဟာ S9 ဖုန္းေတြအတြက္ ေနာက္ဆုံး Android OS Major Update ျဖစ္လာေတာ့မွာပါ။

Ref – Android Authority