Zawgyi





Ref – Phone Arena

Unicode

Samsung ကနေ ယခုလ အစောပိုင်းတုန်းက Galaxy S10 Series ဖုန်းတွေအတွက် Android 10 ကို အခြေခံထားတဲ့ OneUI 2.0 Update ကို Beta Version အနေနဲ့ ထုတ်ပေးမယ်လို့ ကြေညာထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းကြတော့ ပြောထားတဲ့အချိန်ထက် ရက်ပိုင်းနောက်ကျပြီးမှ Update ကို ထုတ်ပေးနိုင်ခဲ့တာပါ။ အခုလည်း Galaxy Note 10 ဖုန်းတွေက အလားတူ ပြဿနာကို ကြုံတွေ့နေရတဲ့ ပုံစံပါပဲ။

ပုံမှန် Schedule အရ Samsung ကနေ Galaxy Note 10 Series ဖုန်းတွေအတွက် OneUI 2.0 Beta Update ကို အခု အောက်တိုဘာလ ၂၀ ရက်နေ့မှာ Update ထုတ်ပေးသွားရမှာဖြစ်ပေမယ့် ရက်အနည်းငယ်ခန့် နောက်ဆုတ်သွားခဲ့တာဖြစ်ပါတယ်။ SamMobile Website ကနေ ဖော်ပြချက်အရတော့ Samsung Germany Customer Care ကနေ လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ပြန်လည်ထုတ်ပေးသွားမယ်ဆိုပြီးတော့ ပြောကြားခဲ့ပါတယ်။

အခု OneUI 2.0 Update ဟာ Android 10 ကို အခြေခံထားမှာဖြစ်ပြီးတော့ Gesture Navigation အသစ်၊ ပိုပြီး Smooth ဖြစ်လာတဲ့ Animation တွေနဲ့ Security နဲ့ Privacy ပိုင်းမှာ Improvement တွေရှိလာမှာဖြစ်ပါတယ်။ အခု Update ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပြဿနာတက်ခဲ့တဲ့ Fingerprint Scanner Issue ကိုလည်း ဖြေရှင်းပေးလာမယ်လို့ ယူဆရပါတယ်။

ဖြစ်နိုင်တာကတော့ Samsung ကနေ အခု Galaxy Note 10 အတွက် OneUI 2.0 Update ကို South Korea မှာ အရင်ဆုံး Beta Build ကို ထုတ်ပေးသွားမှာဖြစ်ပြီး နောက်ဆုံး Stable Final Software Update ကတော့ လာမယ့် ဒီဇင်ဘာလ ဒါမှမဟုတ် နောက်နှစ် ဇန်နဝါရီလအတွင်းမှာပဲ ထွက်ရှိလာဖို့များနေပါတယ်။

Ref – Phone Arena