Samsung က ပြင်သစ် အိုလံပစ်မှာ အားကစားသမားတွေကို Galaxy Z Flip6 Olympic Edition ကို လက်ဆောင်ပေးခဲ့ပြီး အခုတော့ အဲဒီဖုန်းရဲ့ လူကြိုက်အများဆုံး စွမ်းရည်တွေကို ပြသလိုက်ပါတယ်။

Team Samsung Galaxy members Alessandro Mazzara of Team Italy and Wilma Anna Helena Murto of Team Finland test out Interpreter on Samsung Galaxy Z Flip6

Samsung က အဲဒီဖုန်းရဲ့ ဘာသာပြန် စွမ်းရည်ကြောင့် ဘာသာစကား မတူတဲ့ အားကစားသမားတွေအတွက် ဆက်သွယ်မှု ပိုကောင်းလာစေတယ်လို့ ပြောပါတယ်။ ဒီစွမ်းရည်ဟာ လူ ၂ ယောက် ပြောတဲ့ မတူညီတဲ့ ဘာသာစကားတွေကို အချိန်နဲ့ တစ်ပြေးညီ ဘာသာပြန်ပေးနိုင်ပြီး Screen မှာ စာသားတွေကိုတောင် ရေးပြနိုင်ပါတယ်။

Tyler Bindon of Team New Zealand and teammates

ဘာသာစကား မတူညီတဲ့ အားကစားသမားတွေဟာ ဖုန်းရဲ့ ဘာသာပြန် စွမ်းရည်နဲ့ ဖုန်းပြောတဲ့ သရုပ်ပြသမှုကိုလည်း Samsung က ပြုလုပ်ခဲ့ပါတယ်။ အားကစားသမားတွေက ဒီစွမ်းရည်ဟာ နိုင်ငံခြားကို ခရီး မကြာခဏ သွားသူတွေအတွက် အသုံးဝင်တယ်လို့ ပြောကြပါတယ်။

Samsung က ပြင်သစ် အိုလံပစ်မှာ Foldable ဖုန်း အသစ်တွေကို ပြသထားပြီး အားကစားသမားနဲ့ ပွဲကြည့်ပရိတ်သတ်တွေက စမ်းသပ် အသုံးပြုနိုင်ပါတယ်။ Samsung က ဒီစွမ်းရည်ကို အသုံးပြုဖို့အတွက် အင်တာနက် ဆက်သွယ်မှု မလိုအပ်ဘူးလို့ ပြောပါတယ်။

Samsung ဟာ အိုလံပစ် ပွဲတော်မှာ ထဲထဲဝင်ဝင် ပါဝင်နေပါတယ်။ အားကစားသမားတွေ ချီတက်လမ်းလျှောက်တာကို ရိုက်ကူးဖို့ ဖုန်း ၂၀၀ ကျော်ကို ထောက်ပံ့ပေးခဲ့ပြီး ရွက်လှေပြိုင်ပွဲကို Galaxy S24 Ultra နဲ့ ရိုက်ကူးပေးခဲ့ပါတယ်။

Ref : gsmarena