[Zawgyi]

Samsung ဟာ Foldable စမတ္ဖုန္းဒီဇိုင္းနဲ႔ ပတ္သက္တဲ့ မူပိုင္ခြင့္မ်ားစြာကို လြန္ခဲ့တဲ့ ႏွစ္ေတြကတည္းက ေလွ်ာက္တင္ထားၿပီး ျဖစ္ပါတယ္။ အဆိုပါ မူပိုင္ခြင့္မ်ားစြာထဲကမွ ပထမဦးဆုံး အေကာင္အထည္ေဖာ္လိုက္တဲ့ ဒီဇိုင္းကေတာ့ Galaxy Fold ရဲ႕ ဒီဇိုင္းပဲျဖစ္ၿပီး၊ ေနာက္ထပ္ ဒီဇိုင္းေပါင္းမ်ားစြာလည္း က်န္ရွိေနပါေသးတယ္။

ဒီေန႔မွာေတာ့ က်န္ရွိေနတဲ့ Samsung Foldable စမတ္ဖုန္း မူပိုင္ခြင့္ေတြထဲက တစ္ခုဟာ World Intellectual Property Office (WIPO) ကေန တစ္ဆင့္ ထြက္ေပၚလာပါတယ္။ Samsung အေနနဲ႔ အဆိုပါ မူပိုင္ခြင့္ကို လြန္ခဲ့တဲ့ ၂၀၁၇ခုႏွစ္တုန္းက ေလွ်ာက္ထားခဲ့တာျဖစ္ေပမယ့္ Xiaomi ရဲ႕ Foldable စမတ္ဖုန္း ဒီဇိုင္းနဲ႔ ေတာ္ေတာ္ေလး ဆင္တူေနတာကို ေတြ႕ရပါတယ္။ ဒါေပမယ့္ အထူ၊ အပါးနဲ႔ အ႐ြယ္အစားေတြမွာေတာ့ အနည္းငယ္ ကြဲျပားတယ္လို႔ သိရပါတယ္။ Samsung ရဲ႕ Foldable စမတ္ဖုန္းဟာ ေဘးဘက္ေတြမွာ ပိုထူၿပီး အလယ္မွာ ပိုပါးပါတယ္။ Xiaomi ရဲ႕ Foldable စမတ္ဖုန္းကေတာ့ ေဘးဘက္ေရာ အလယ္မွာပါ အထူ၊ အပါးက အတူတူပါပဲ။

Samsung Dual Foldable စမတ္ဖုန္းရဲ႕ Renders ဓာတ္ပုံေတြကို LetsGoDigital က မူပိုင္ခြင့္ဒီဇိုင္းေတြအေပၚမွာ အေျခခံၿပီး ဖန္တီးေရးဆြဲထားတာ ျဖစ္ပါတယ္။ Renders ဓာတ္ပုံေတြမွာ Bezel ေတြ မပါဘဲ လုံးဝ FullView Display ျဖစ္ေနၿပီး Selfie Camera ကိုလည္း မျမင္ေတြ႕ရပါဘူး။ ဒါ့အျပင္ Ports နဲ႔ Sensors ေတြေပ်ာက္ဆုံးေနတာကိုလည္း ေတြ႕ရပါေသးတယ္။ ဒါ့ေၾကာင့္ Samsung ရဲ႕ Dual Foldable စမတ္ဖုန္းဟာ ယခုပုံစံအတိုင္း တပုံစံတည္း ထြက္လာမယ္လို႔ တထစ္ခ် ယုံၾကည္ထားလို႔ မရေသးပါဘူး။

Ref : Gizmochina

[Unicode]

Samsung ကလည်း Xiaomi လိုမျိူး ၂ဖက်ခေါက်ချိူးလို့ ရတဲ့ ၂ခေါက်ချိူး Foldable ဖုန်း ထုတ်လုပ်ဖို့ရှိနေ

Samsung ဟာ Foldable စမတ်ဖုန်းဒီဇိုင်းနဲ့ ပတ်သက်တဲ့ မူပိုင်ခွင့်များစွာကို လွန်ခဲ့တဲ့ နှစ်တွေကတည်းက လျှောက်တင်ထားပြီး ဖြစ်ပါတယ်။ အဆိုပါ မူပိုင်ခွင့်များစွာထဲကမှ ပထမဦးဆုံး အကောင်အထည်ဖော်လိုက်တဲ့ ဒီဇိုင်းကတော့ Galaxy Fold ရဲ့ ဒီဇိုင်းပဲဖြစ်ပြီး၊ နောက်ထပ် ဒီဇိုင်းပေါင်းများစွာလည်း ကျန်ရှိနေပါသေးတယ်။

ဒီနေ့မှာတော့ ကျန်ရှိနေတဲ့ Samsung Foldable စမတ်ဖုန်း မူပိုင်ခွင့်တွေထဲက တစ်ခုဟာ World Intellectual Property Office (WIPO) ကနေ တစ်ဆင့် ထွက်ပေါ်လာပါတယ်။ Samsung အနေနဲ့ အဆိုပါ မူပိုင်ခွင့်ကို လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်တုန်းက လျှောက်ထားခဲ့တာဖြစ်ပေမယ့် Xiaomi ရဲ့ Foldable စမတ်ဖုန်း ဒီဇိုင်းနဲ့ တော်တော်လေး ဆင်တူနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် အထူ၊ အပါးနဲ့ အရွယ်အစားတွေမှာတော့ အနည်းငယ် ကွဲပြားတယ်လို့ သိရပါတယ်။ Samsung ရဲ့ Foldable စမတ်ဖုန်းဟာ ဘေးဘက်တွေမှာ ပိုထူပြီး အလယ်မှာ ပိုပါးပါတယ်။ Xiaomi ရဲ့ Foldable စမတ်ဖုန်းကတော့ ဘေးဘက်ရော အလယ်မှာပါ အထူ၊ အပါးက အတူတူပါပဲ။

Samsung Dual Foldable စမတ်ဖုန်းရဲ့ Renders ဓာတ်ပုံတွေကို LetsGoDigital က မူပိုင်ခွင့်ဒီဇိုင်းတွေအပေါ်မှာ အခြေခံပြီး ဖန်တီးရေးဆွဲထားတာ ဖြစ်ပါတယ်။ Renders ဓာတ်ပုံတွေမှာ Bezel တွေ မပါဘဲ လုံးဝ FullView Display ဖြစ်နေပြီး Selfie Camera ကိုလည်း မမြင်တွေ့ရပါဘူး။ ဒါ့အပြင် Ports နဲ့ Sensors တွေပျောက်ဆုံးနေတာကိုလည်း တွေ့ရပါသေးတယ်။ ဒါ့ကြောင့် Samsung ရဲ့ Dual Foldable စမတ်ဖုန်းဟာ ယခုပုံစံအတိုင်း တပုံစံတည်း ထွက်လာမယ်လို့ တထစ်ချ ယုံကြည်ထားလို့ မရသေးပါဘူး။

Ref : Gizmochina