[Zawgyi]

Samsung ရဲ႕ အဓိကပစ္မွတ္နဲ႔ အႀကီးဆုံးပန္းတိုင္ကေတာ့ သူတို႔ရဲ႕ စမတ္ဖုန္းေတြကို Notch မပါ၊ Punch-hole မပါ၊ Pop-up Camera မသုံးဘဲနဲ႔ ေျခာက္ပစ္ကင္း သဲလဲစင္ Full Screen စမတ္ဖုန္းျဖစ္ဖို႔ပါ။ ဒီရည္႐ြယ္ခ်က္ ပန္းတိုင္ႀကီးက Samsung အပါအဝင္ တျခားစမတ္ဖုန္း ကုမၸဏီေတြ အားလုံးေမွ်ာ္လင့္ေနၾကတဲ့ အဖိုးတန္ အိပ္မက္ႀကီးတစ္ခု ျဖစ္ပါတယ္။

Samsung Mobile Communication R&D Group Display ရဲ႕ Vice President ျဖစ္သူ Yang Byung-duk က “ OLED Display ေတြမွာ အေပါက္ေဖာက္ဖို႔ဆိုတာ ေတာ္ေတာ္ေလးကို ခက္ခဲတဲ့ အရာပါ၊ ေနာက္ၿပီး အဲ့ဒီ နည္းပညာကို Galaxy စီးရီးေတြရဲ႕ ၁၀ႏွစ္ျပည့္ အထိမ္းအမွတ္ ေမာ္ဒယ္မွာ အသုံးျပဳႏိုင္ေအာင္ ကြၽန္ေတာ္တို႔တေတြ ပင္ပင္ပန္းပန္း ႀကိဳးစားခဲ့ရပါတယ္” ဆိုၿပီး သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။ ဒ့ါအျပင္ Yang က “ Galaxy S10 မွာ အသုံးျပဳခဲ့တဲ့ Infinity-O Display က Display နည္းပညာအတြက္ မွတ္တိုင္ တစ္ခုပဲ ရွိပါေသးတယ္၊ ကြၽန္ေတာ္တို႔ တကယ္သြားခ်င္ေနတဲ့ လမ္းေၾကာင္းက လုံးဝ မ်က္ႏွာျပင္အျပည့္ျဖစ္ေနတဲ့ Full-Screen Display နည္းပညာဆီကိုပါ၊ ေနာက္ၿပီး Screen ထဲကေန အသံေတြထြက္လာမယ့္ Crystal Sound နည္းပညာကိုလည္း အေကာင္အထည္ေဖာ္ႏိုင္ဖို႔ စဥ္းစားေနပါတယ္” လို႔ ထပ္မံ ေျပာၾကားထားပါေသးတယ္။

Yang ကေတာ့ လုံးဝ မ်က္ႏွာျပင္အျပည့္ျဖစ္ေနတဲ့ ေျခာက္ပစ္ကင္း သဲလဲစင္ Full Screen စမတ္ဖုန္းေတြကို ေနာက္ ၁ႏွစ္ကေန ၂ႏွစ္အတြင္းမွာ ျမင္ေတြ႕ဖို႔ မျဖစ္ႏိုင္ေသးဘူးလို႔ ယူဆေနပါတယ္။ ဒါေပမယ့္ သူက ယခု Camera Hole ေတြရဲ႕ ေနာက္တစ္ဆင့္တက္လွမ္းမယ့္ နည္းပညာဟာ၊ Camera ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ထိခိုက္မႈ မရွိေစဘဲ Camera Hole ေတြကို Display ေအာက္မွာ မျမင္ရေအာင္ ဖုံးကြယ္ထားဖို႔ ျဖစ္ႏိုင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

Ref : SamMobile

[Unicode]

Samsung ရဲ့ ခြောက်ပစ်ကင်း သဲလဲစင် Full Screen စမတ်ဖုန်းကို ဘယ်တော့လောက် မြင်တွေ့ရမလဲ

Samsung ရဲ့ အဓိကပစ်မှတ်နဲ့ အကြီးဆုံးပန်းတိုင်ကတော့ သူတို့ရဲ့ စမတ်ဖုန်းတွေကို Notch မပါ၊ Punch-hole မပါ၊ Pop-up Camera မသုံးဘဲနဲ့ ခြောက်ပစ်ကင်း သဲလဲစင် Full Screen စမတ်ဖုန်းဖြစ်ဖို့ပါ။ ဒီရည်ရွယ်ချက် ပန်းတိုင်ကြီးက Samsung အပါအဝင် တခြားစမတ်ဖုန်း ကုမ္ပဏီတွေ အားလုံးမျှော်လင့်နေကြတဲ့ အဖိုးတန် အိပ်မက်ကြီးတစ်ခု ဖြစ်ပါတယ်။

Samsung Mobile Communication R&D Group Display ရဲ့ Vice President ဖြစ်သူ Yang Byung-duk က “ OLED Display တွေမှာ အပေါက်ဖောက်ဖို့ဆိုတာ တော်တော်လေးကို ခက်ခဲတဲ့ အရာပါ၊ နောက်ပြီး အဲ့ဒီ နည်းပညာကို Galaxy စီးရီးတွေရဲ့ ၁၀နှစ်ပြည့် အထိမ်းအမှတ် မော်ဒယ်မှာ အသုံးပြုနိုင်အောင် ကျွန်တော်တို့တတွေ ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရပါတယ်” ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒ့ါအပြင် Yang က “ Galaxy S10 မှာ အသုံးပြုခဲ့တဲ့ Infinity-O Display က Display နည်းပညာအတွက် မှတ်တိုင် တစ်ခုပဲ ရှိပါသေးတယ်၊ ကျွန်တော်တို့ တကယ်သွားချင်နေတဲ့ လမ်းကြောင်းက လုံးဝ မျက်နှာပြင်အပြည့်ဖြစ်နေတဲ့ Full-Screen Display နည်းပညာဆီကိုပါ၊ နောက်ပြီး Screen ထဲကနေ အသံတွေထွက်လာမယ့် Crystal Sound နည်းပညာကိုလည်း အကောင်အထည်ဖော်နိုင်ဖို့ စဥ်းစားနေပါတယ်” လို့ ထပ်မံ ပြောကြားထားပါသေးတယ်။

Yang ကတော့ လုံးဝ မျက်နှာပြင်အပြည့်ဖြစ်နေတဲ့ ခြောက်ပစ်ကင်း သဲလဲစင် Full Screen စမတ်ဖုန်းတွေကို နောက် ၁နှစ်ကနေ ၂နှစ်အတွင်းမှာ မြင်တွေ့ဖို့ မဖြစ်နိုင်သေးဘူးလို့ ယူဆနေပါတယ်။ ဒါပေမယ့် သူက ယခု Camera Hole တွေရဲ့ နောက်တစ်ဆင့်တက်လှမ်းမယ့် နည်းပညာဟာ၊ Camera ရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်မှု မရှိစေဘဲ Camera Hole တွေကို Display အောက်မှာ မမြင်ရအောင် ဖုံးကွယ်ထားဖို့ ဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref : SamMobile