Zawgyi

Samsung ကုမၸဏီဟာ Galaxy A စီးရီးကို အာရုံစုိက္လ်က္ရွိၿပီး Galaxy A (2020) အဖြဲ႕ဝင္သစ္ေတြကို လာမယ့္ ဒီဇင္ဘာ ၁၂ ရက္ေန႔မွာ ထပ္မံမိတ္ဆက္သြားဦးမွာျဖစ္ပါတယ္။

ဒီသတင္းကို Samsung ရဲ႕ ဗီယက္နမ္ရုံးခြဲကေန စတင္ျဖန္႔ေဝခဲ့တာျဖစ္ၿပီး Youtube မွာ ဗီဒီယိုအတုိေလးတစ္ခုကို တင္ခဲ့တာပါ။ ဗီယက္နမ္ဘာသာနဲ႔ တင္ထားတဲ့ အဆုိပါ Teaser ဗီဒီယိုထဲမွာ Punch-hole ပါတဲ့ Display နဲ႔ ေက်ာဘက္ကင္မရာ စတာေတြကို ထည့္သြင္းျပသသြားခဲ့ပါတယ္။

လက္ရွိအခ်ိန္ထိ ဘယ္စမတ္ဖုန္းေတြကို မိတ္ဆက္လာမယ္ဆုိတာ ထုတ္မေျပာေသးေပမယ့္ Galaxy A51 နဲ႔ A71 တုိ႔အလွည့္လို႔ ယူဆရပါတယ္။ Galaxy A51 နဲ႔ A71 တုိ႔ဟာ ၿပီးခဲ့တဲ့လတုန္းက အခု Teaser ထဲမွာ ေဖာ္ျပခဲ့တဲ့ ဒီဇုိင္းနဲ႔ ဆင္တူတဲ့ Render ေတြ အသီးသီးထြက္ရွိခဲ့ၿပီး ေရွ႕ဘက္မွာ Punch-hole Display နဲ႔အတူ ေနာက္ဘက္မွာ “L” ပုံသ႑ာန္ Quad-cam ထည့္သြင္းလာခဲ့ပါတယ္။

မိတ္ဆက္ဖို႔ တစ္ပတ္ေက်ာ္ေက်ာ္ေလာက္ လိုေသးတာေၾကာင့္ လာမယ့္ရက္ပုိင္းအတြင္းမွာ Samsung ဟာ Galaxy A (2020) စီးရီးအသစ္ မိသားစုဝင္ေတြအတြက္ Teaser ေတြကို ထပ္ေဖာ္ျပလာဦးမယ္လို႔ ယုံၾကည္ရပါတယ္။

Ref – GSM Arena

Unicode

Samsung ကုမ္ပဏီဟာ Galaxy A စီးရီးကို အာရုံစိုက်လျက်ရှိပြီး Galaxy A (2020) အဖွဲ့ဝင်သစ်တွေကို လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထပ်မံမိတ်ဆက်သွားဦးမှာဖြစ်ပါတယ်။

ဒီသတင်းကို Samsung ရဲ့ ဗီယက်နမ်ရုံးခွဲကနေ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး Youtube မှာ ဗီဒီယိုအတိုလေးတစ်ခုကို တင်ခဲ့တာပါ။ ဗီယက်နမ်ဘာသာနဲ့ တင်ထားတဲ့ အဆိုပါ Teaser ဗီဒီယိုထဲမှာ Punch-hole ပါတဲ့ Display နဲ့ ကျောဘက်ကင်မရာ စတာတွေကို ထည့်သွင်းပြသသွားခဲ့ပါတယ်။

လက်ရှိအချိန်ထိ ဘယ်စမတ်ဖုန်းတွေကို မိတ်ဆက်လာမယ်ဆိုတာ ထုတ်မပြောသေးပေမယ့် Galaxy A51 နဲ့ A71 တို့အလှည့်လို့ ယူဆရပါတယ်။ Galaxy A51 နဲ့ A71 တို့ဟာ ပြီးခဲ့တဲ့လတုန်းက အခု Teaser ထဲမှာ ဖော်ပြခဲ့တဲ့ ဒီဇိုင်းနဲ့ ဆင်တူတဲ့ Render တွေ အသီးသီးထွက်ရှိခဲ့ပြီး ရှေ့ဘက်မှာ Punch-hole Display နဲ့အတူ နောက်ဘက်မှာ “L” ပုံသဏ္ဍာန် Quad-cam ထည့်သွင်းလာခဲ့ပါတယ်။

မိတ်ဆက်ဖို့ တစ်ပတ်ကျော်ကျော်လောက် လိုသေးတာကြောင့် လာမယ့်ရက်ပိုင်းအတွင်းမှာ Samsung ဟာ Galaxy A (2020) စီးရီးအသစ် မိသားစုဝင်တွေအတွက် Teaser တွေကို ထပ်ဖော်ပြလာဦးမယ်လို့ ယုံကြည်ရပါတယ်။

Ref – GSM Arena