[Zawgyi]



 


Ref : gsmarena

[Unicoded]

ပြီးခဲ့တဲ့လက ထုတ်ဖော်ပြသခဲ့တဲ့  Samsung Galaxy A10 ကို မကြာခင် ပါကစ္စတန်နိုင်ငံမှာ ရောင်းချတော့မှာဖြစ်ပါတယ်။

ဒီ  Samsung Galaxy A10 မှာ  Processor အနေနဲ့ Samsung ရဲ့ ကိုယ်ပိုင်  Exynos 7884 SoC ကို တပ်ဆင်အသုံးပြု ပေးထားပါတယ်။သူ့မှာ ၆.၂ လက်မရှိတဲ့ IPS LCD Infinity-V display ကိုတပ်ဆင်ပေးထားပြီး Screen Resolution အနေနဲ့ကတော့ 720 x 1520 pixels ရှိတယ်လို့ သိရပါတယ်။ Galaxy A10  မှာနောက်ဆုံးထွက် Android Version ဖြစ်တဲ့ Android Pie (9.0) ကိုထည့်သွင်းပေးထားပြီး  Memory အနေနဲ့ကတော့ RAM 2GB နဲ့ 32 GB Internal Storageတို့ ပါဝင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် မမ်မိုရီကဒ် ကိုလည်း သီးသန့်အသုံးပြုနိုင်မှာဖြစ်ပြီး 512GB အထိ တိုးချဲ့အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံရိုက်ဖို့အတွက် ကျောက်ဘက်မှာ 13MP ကင်မရာကိုတပ်ဆင်ပေးထားပြီး  Selfie အတွက်ကိုတော့ 5MP ကင်မရာ ပါဝင်မှာဖြစ်ပါတယ်။Battery အနေနဲ့ကတော့ 3400mAh ပါဝင်တဲ့ Li-ion Battery အမျိုးအစားကို တင်ဆင်ပေးထားဖြစ်ပါတယ်။ ဒီ Samsung Galaxy A10 မှာတော့ Blue, Red, Gray ဆိုတဲ့ အရောင် (၃) မျိုးကို ဝယ်ယူရရှိနိုင်မယ်လို့သိရပါတယ်။သူရဲ့ ဈေးနှုန်းကတော့ $153 ( မြန်မာငွေ ၂သိန်း ၃သောင်းဝန်းကျင်)ခန့် ရှိမှာဖြစ်ပြီး မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့မယ်ဆိုရင်တော့ ဈေးနှုန်းအနည်းငယ် ပြောင်းလဲမှု ရှိနိုင်ပါတယ်။

Ref : gsmarena