Samsung ကနေ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက Entry စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy A10s ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Galaxy A10s ဖုန်းဟာ အရှေ့မှာထွက်ရှိခဲ့တဲ့ Galaxy A10 ရဲ့ မျိုးဆက်သစ်ဖြစ်သလို မြန်မာငွေ ၁ သိန်းခွဲဝန်းကျင်နဲ့ ရောင်းချနေတာလည်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ Samsung ကနေ ဒီ Galaxy A10s Entry ဖုန်းအတွက် Android 10 ကို အခြေခံထားတဲ့ OneUI 2.0 Update ကို ထုတ်ပေးလိုက်ပါပြီ။ လောလောဆယ်မှာ Galaxy A10s အတွက် OneUI 2.0 Update က Malaysia မှာပဲရရှိနေသေးတာဖြစ်ပြီး ကျန်တဲ့ Region တွေအနေနဲ့ကတော့ မကြာခင်မှာရရှိလာမယ်လို့ သိရပါတယ်။

Galaxy A10s အတွက် OneUI 2.0 Update ရဲ့ Firmware Version က A107FXXU5BTCB လို့သိရပြီးတော့ March Security Update လည်းပါဝင်လာမှာဖြစ်ပါတယ်။ OneUI 2.0 ရဲ့ Feature အသစ်တွေဖြစ်တဲ့ System-wide Dark Mode ၊ Gesture Navigation အသစ်တွေ၊ Privacy နဲ့ Security Feature အသစ်တွေပါဝင်လာမှာပါ။

ဘာပဲဖြစ်ဖြစ် အခုလို Entry Level ဖုန်းတွေကိုတောင် Android 10 Update ထုတ်ပေးနေပြီဖြစ်တဲ့အတွက် Samsung ဖုန်းတွေ Update နောက်ကျတယ်ဆိုတာက မရှိတော့ဘူးလို့တောင် ပြောရမှာပါ။

Ref – GSM Arena