Zawgyi






Ref – Gizmo China

Unicode

Samsung ကနေ လာမယ့် ၂၀၂၀ ခုနှစ်အတွက် Galaxy A Series အသစ်တွေကို စတင်မိတ်ဆက်ဖို့ ပြင်ဆင်နေပြီဖြစ်ပြီး မကြာသေးခင်တုန်းကလည်း Galaxy A51 နဲ့ A71 ဖုန်းတွေရဲ့ သတင်းတွေ ပေါက်ကြားခဲ့ဖူးပါတယ်။

အခုအချိန်မှာလည်း Budget နဲ့ Mid Range Galaxy A Series ဖုန်းတွေဖြစ်လာမယ့် A11 ၊ A31 နဲ့ A41 ဖုန်းတွေရဲ့ သတင်းကလည်း ထပ်ပြီး ထွက်ပေါ်လာပြီဖြစ်ပါတယ်။ အခု Galaxy A Series ဖုန်းတွေဟာ Model Number အနေနဲ့ SM-A115X ၊ SM-A315X နဲ့ SM-A415X ဆိုပြီးသတ်မှတ်ထားတယ်လို့ သိရပါတယ်။ A Series ဖုန်းသစ်တွေနဲ့ ပတ်သတ်ပြီးတော့ အသေးစိတ် Specs တွေကို မသိရှိရသေးပေမယ့် Storage ပိုင်းမှာတော့ ယခင်ကထက် ပိုပြီး ပါဝင်လာမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ A Series စမတ်ဖုန်းအများစုဟာ Storage 64GB Base အနေနဲ့ပါဝင်တာဖြစ်ပေမယ့် နောက်နှစ်ထွက်ရှိမယ့် Galaxy A11 ၊ A31 နဲ့ A41 စမတ်ဖုန်းတွေကတော့ 128GB Storage ကနေ စတင်ပါဝင်လာနိုင်ပါတယ်။ Samsung ဟာ Galaxy A51 က စတင်ပြီး အမြင့်ပိုင်း A Series စမတ်ဖုန်းတွေကို Infinity-O Design Selfie Camera ထည့်သွင်းလာမှာဖြစ်ပေမယ့် အခု A Series ဖုန်းတွေကတော့ ပုံမှန် Waterdrop Notch Design ကိုပဲ ဆက်လက် အသုံးပြုလာဖွယ်ရှိပါတယ်။

Samsung Galaxy A51 စမတ်ဖုန်းဟာ လာမယ့် ၂၀၂၀ ခုနှစ်မှာ အစောဆုံးမိတ်ဆက်သွားမယ့် Galaxy A Series ဖုန်းတစ်ခုဖြစ်ပြီးတော့ 6.5″ Full HD+ SuperAMOLED Display ၊ Exynos 9611 Processor ၊ 4GB RAM နဲ့ 64GB/128GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ 48MP Primary Sensor ၊ 12MP Ultrawide ၊ 5MP Depth Sensor နဲ့ 5MP Macro Sensor တွေပါဝင်မှာဖြစ်ပြီးတော့ 32MP Selfie Camera ပါဝင်မှာပါ။ Battery အနေနဲ့တော့ 4000mAh Battery ပါဝင်မယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီ Galaxy A Series စမတ်ဖုန်းသစ်တွေဟာ နောက်နှစ်မှာလည်း Samsung အတွက် အောင်မြင်တဲ့ Mid Range ဖုန်းတွေဖြစ်လာဖို့ များနေပါတယ်။

Ref – Gizmo China