Samsung ကနေ Entry နဲ့ Mid Range Level စမတ်ဖုန်းတစ်လုံးလို့ ပြောနိုင်တဲ့ Galaxy A11 စမတ်ဖုန်းကို မကြာခင်မိတ်ဆက်သွားဖို့ရှိနေတာပဲဖြစ်ပါတယ်။ အဆိုပါ Galaxy A11 နဲ့ပတ်သက်တဲ့သတင်းတွေလည်း အများအပြားထွက်ရှိပြီးဖြစ်သလို အခုလည်းနောက်ထပ်သတင်းတစ်ခုပေါက်ကြားလာခဲ့ပြန်ပါပြီ။

အခုတစ်ကြိမ်ပေါက်ကြားလာတဲ့သတင်းကတော့ Galaxy A11 စမတ်ဖုန်းရဲ့ နောက်ကျောဘက်ဓါတ်ပုံအကြောင်းပဲဖြစ်ပြီး ယခင်တုန်းက သတင်းထွက်ရှိထားသလိုပဲ Triple Camera Setup ပုံစံကိုပါ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Triple Camera Setup အပြင် Fingerprint Sensor ကိုပါ နောက်ကျောဘက်မှာ ထည့်သွင်းထားကိုလည်းတွေ့ရပါတယ်။

ဒါပေမယ့်လည်း Galaxy A11 ရဲ့ နောက်ကျောဘက် Design က Metal သို့မဟုတ် Glass အစား Plastic ကိုပဲ အသုံးပြုလာမှာဖြစ်ပြီး Android 10 ကို အခြေခံထားတဲ့ OneUI 2.0 ကို အသုံးပြုလာမှာဖြစ်ပါတယ်။ လက်ရှိသိထားရတဲ့သတင်းတွေအရဆိုရင် Storage 128GB Version ကို India မှာ INR 10,000 (မြန်မာငွေ ၂ သိန်းဝန်းကျင်) နဲ့ရောင်းချသွားမယ်လို့ သိရတဲ့အတွက် Budget ဖုန်းတွေထဲမှာ အထင်ကြီးဖို့ကောင်းနေပါတယ်။

ဘာပဲဖြစ်ဖြစ် ကြည့်ရတာတော့ Galaxy A11 စမတ်ဖုန်းဟာ ယခင်တုန်းက မိတ်ဆက်ထားခဲ့တဲ့ Galaxy A10 နဲ့ A10s စမတ်ဖုန်းတွေထက် သိသိသာသာကို ပိုကောင်းတဲ့စမတ်ဖုန်းတစ်လုံးဖြစ်လာမှာပါ။

Ref – GSM Arena